1067---1068

179 15 2
                                    

အခန်း (၁၀၆၇)(စာစဉ် ၇၇- အပိုင်း ၃)

“ရဲရှောင်၏ ဝေခွဲမရစိတ်”

ရဲရှောင် အခန်းအပြင်ဘက်သို့ ထွက်သွားသော အခါ အပြင်ဘက်၌ ရှေ့နောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည့် ဟန်ပိုင်ယွဲ့ကို တွေ့လိုက်ရသည်။
“ဆရာသမား . . .”
“မင်းနိုးလာပြီလား . . .”
“အဆင်ပြေရဲ့လား အိပ်ရောအိပ်ချင်သေးလား”
ရဲရှောင်က ခေါင်းကုတ်ရင်း နားမလည်သည့်ဟန် ဖြင့် -
“ဘာကိုလဲ . . .”
“ဘာလို့ ငါကအိပ်ချင်ရမှာလဲ . . .”
“မင်း ဘာတွေလာပြောနေတာလဲ . . .”
ဟန်ပိုင်ယွဲ့မှ မျက်လုံးအပြူးသားဖြင့် -
“တကယ်ရော အဆင်ပြေရဲ့လား . . .”
“မအိပ်ချင်တော့ဘူးပေါ့ . . .”
ရဲရှောင် စိတ်ရှုပ်သည့် အမူအယာဖြင့် -
“မင်းစိတ်ရောမှန်သေးရဲ့လား . . .”
“ငါအိပ်မက်ချိုချိုလေး မက်ပြီး အိပ်ကောင်း နေတာလေ . . .”
“အချိန်တိုင်း အိပ်ချင်နေရမယ်လို့မှ မဆိုလိုတာ၊ ဘာတွေလာပြောနေမှန်း မသိဘူး . . .”
ရဲရှောင် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
“ငါအိပ်မက်စိုတောင် မက်ခဲ့သေးတယ် . . .”
“ဒီလောက်ပါပဲ . . .”
“အိပ်မက်စို ဟုတ်လား . . .”
ဟန်ပိုင်ယွဲ့၏ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွားသည်။
“ဘယ်လို ဘယ်လို . . .”
“အိပ်မက်စို မက်ခဲ့တယ် ဟုတ်လား . . .”
“ငါအပြင်မှာ တစ်ညလုံး ရှိနေတာပဲလေ ဘာလို့ ငါဘာမှမကြားရတာလဲ၊ အဓိပ္ပာယ်တော့ မရှိဘူး . . .”
ရဲရှောင် ရှက်အမ်းအမ်းဖြင့် -
“မင်းပြောလို့ ပြီးဦးမှာလား . . .”
“မင်းမျက်နှာကို ငါဖြတ်ရိုက်ပစ်ချင်လာပြီ . . .”
ဟန်ပိုင်ယွဲ့၏ စကားကြောင့် သူခံစားခဲ့ရသည်များ က အိပ်မက်မှန်း သေချာသွားပြီ မဟုတ်ပါလား။
အကယ်၍ အခန်းထဲ၌သာ တစ်စုံတစ်ဦး ရှိနေမည် ဆိုပါက ဆူညံသံများကြောင့် အပြင်ဘက်၌ ရှိနေသည့် ဟန်ပိုင်ယွဲ့ သေချာပေါက်ပင် သိနိုင်လိမ့်မည်။
ထို့ကြောင့် ရဲရှောင် စိတ်ထဲရှိ မျှော်လင့်ချက်လေး များ ပျောက်ဆုံးသွားသလို ခံစားသွားရသည်။
တစ်ချိန်တည်းမှာပင် ရှက်ရွံ့သလိုလည်း ခံစား လိုက်ရ၍ စကားလမ်းကြောင်းလွဲရန် ကြိုးစားလိုက် ၏။
“တော်တော့ တော်တော့ . . .”
“ငါက အဲဒီလို ကောင်မျိုး မဟုတ်ဘူး . . .”
“မင်းကိုယ်မင်းလည်း ကြည့်ပါဦး ပြန်မွေးဖွားလာ ကတည်းက ထူးဆန်းတဲ့ အရာတွေချည်း လုပ်နေတာ ပဲ၊ အခု ဒါကြီးကတော့ . . .”
ဟန်ပိုင်ယွဲ့ သူ၏ လက်များကို မြှောက်ရင်း အရှုံး ပေးသလို လုပ်လိုက်သည်။
ရဲရှောင်လည်း သူကိုယ်တိုင်ပင် မရေရာ မသေချာ၊ ကြောင်တောင်တောင် ဖြစ်နေ၍ ဟန်ပိုင်ယွဲ့ကို အပြစ် တင်ရန် မကြိုးစားတော့ပေ။
သို့သော် ဟန်ပိုင်ယွဲ့က သူ့အား ထူးဆန်းသလို အကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ စိတ်အနှောက်အယှက် ဖြစ်သွားမိသည်။
ထို့ကြောင့် အေးစက်စက် အသံဖြင့် -
“မင်းငါ့ကို ကြည့်လို့ ပြီးဦးမှာလား . . .”
“ဘာကြည့်နေတာလဲ . . .”
“မဟုတ်ပါဘူးကွာ . . .”
“မင်းကို သေချာကြည့်နေတာ မဟုတ်ပါဘူး . . .”
“ဒီအတိုင်းပဲ ကြည့်မိတာပါဟ . . .”
ဟန်ပိုင်ယွဲ့၏ ပုံစံက တစ်စုံတစ်ခုကို အတည်ပြု နိုင်ရန် ကြိုးစားနေပုံပါပင်။
ထို့နောက် ရုတ်တရက်ဆိုသလို ထခုန်လိုက်ပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် -
“ဘုရား ဘုရား ဆရာသမား . . .”
“မင်း တစ်ညတည်းနဲ့ ဘယ်လိုဖြစ်တာလဲ အဆင့် နှစ်ဆင့်တောင် တက်သွားတာလားဟ . . .”
“အားတိုးဆေးတွေ ဘာတွေများ စားလိုက်သေးလို့ များလား . . .”
ရဲရှောင်လည်း ဟန်ပိုင်ယွဲ့၏ စကားကြောင့် မကျေမချမ်း ဖြစ်သွားမိသည်။
သို့သော် ဟန်ဆောင်ပြုံးလိုက်ရင်း -
“ဘာလို့ ငါက အဆင့်မတက်နိုင်ရမှာလဲ . . .”
ဟန်ပိုင်ယွဲ့ ခေါင်းခါယမ်းလိုက်ရင်း -
“ဒါကြီးကတော့ မဖြစ်နိုင်ဘူး . . .”
“မင်း အားတိုးဆေး တစ်ခုခု စားလိုက်လို့ပဲ ဖြစ်ရ မယ်၊ ဒီပုံစံအတိုင်းဆို မင်းက မကြာခင် ငါ့ကို မီတော့ မှာပဲကွ . . .”
“ထွီ . . .”
“ငါညကအဆင့်နှစ်ဆင့် တက်ခဲ့တယ် ဘာဆေးမှ လည်း မစားခဲ့ဘူး၊ ငါက အဲဒီလို အရာတွေကို လိုအပ် တယ်များ ထင်နေတာလား . . .”
“ဒီမှာကြည့် မင်းကို မီဖို့ဆိုတာ လွယ်လွယ်လေးပဲ မဟုတ်ဘူးလား . . .”
ရဲရှောင်က နှုတ်ခမ်းကို မဲ့ရင်း ပြောလိုက်သည်။
(ငါအိပ်မက်မက်တဲ့အကြောင်း သူသိသွားတာ ရှက် ဖို့ကောင်းလိုက်တာ . . .)
(မနေ့ညတုန်းက အသံတစ်ခုခု သူကြားမယ်လို့ ငါထင်ထားတာ၊ ငါမနေ့ညတုန်းက စိတ်ရှိတိုင်း လုပ်ခဲ့ တာတောင် ဘာလို့ ဘာအသံမှ သူမကြားရတာလဲ)
(ငါ့ခါးကလည်း တကယ်လုပ်ခဲ့သလိုပဲ ညောင်းညာ နေတာ မဟုတ်ဘူးလား . . .)
တစ်ခါတစ်ရံ လူသားများ၏ စိတ်က လွန်စွာ ဆန်း ကျယ်လှသည်။
၎င်းတို့၏ အတွင်းရေးများကို အခြားလူအား မသိ စေချင်သော်လည်း ထိုလူမှ မသိကြောင်း ပြန်တုန့်ပြန် သည့်အခါတွင်မူ စိတ်အလိုမကျ ဖြစ်သွားရပြန်သည်။
ယခု ရဲရှောင်၏ စိတ်ကလည်း ထိုအတိုင်းပင် ဖြစ် နေတော့သည်။
မနက်စာ စားသောက်ပြီးနောက် ဟန်ပိုင်ယွဲ့က သူ ငယ်ချင်းဖြစ်သူအား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ သော်လည်း ရဲရှောင်မှာမူ မအိပ်ချင်တော့ပေ။
“ဆရာသမား . . .”
“ငါတို့ ဒီနေ့ သွားကြမလား . . .”
ဟန်ပိုင်ယွဲ့မှ ရဲရှောင်အား ကြည့်ရင်း မေးလိုက် သည်။
“ငါစဉ်းစားဖို့တော့ လိုဦးမယ် . . .”
ရဲရှောင် ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ဆရာသမား . . .”
“မင်းဘာစဉ်းစားနေလဲဆိုတာ ငါသိပါတယ် . . .”
“မင်းအခု အဖြစ်အပျက်တွေကို လက်ခံဖို့ ခက်ခဲ နေမှာပေါ့၊ ဒါပေမယ့် ဖြေရှင်းရခက်တဲ့ ပြဿနာတော့ မဟုတ်ပါဘူး . . .”
ဟန်ပိုင်ယွဲ့မှ ပြောလိုက်သည်။
“အင်း ဘယ်လိုဖြေရှင်းရမှာလဲ . . .”
ရဲရှောင် သိချင်ဟန်ဖြင့် မေးလိုက်၏။
“မင်းက တခြားလူတစ်ယောက်ရဲ့ သားခန္ဓာကိုယ် ကို အပိုင်စီးထားတယ်ဆိုတာ ဝန်ခံရမယ်လေ . . .”
“မင်းမှာ မတူညီတဲ့ စိတ်ဝိညာဉ် ရှိနေပေမယ့် ခန္ဓာ ကိုယ်ကတော့ အတူတူပဲ မဟုတ်လား . . .”
“မင်းရဲ့သွေးက သူ့ရဲ့သွေးပဲလေ ဘယ်လိုပဲဖြစ်ဖြစ် သူ့သားပဲပေါ့၊ ဒီအချက်ကိုတော့ ငြင်းလို့မရနိုင်ပါဘူး”
“တစ်နည်းအားဖြင့် ငါနဲ့မဆုံဖူးသေးတဲ့ ဦးလေးရဲ ဆိုတာ မင်းရဲ့အဖေပဲ၊ အဲဒီလိုပဲ ရဲမျိုးနွယ်စု ဆိုတာ လည်း မင်းရဲ့ မျိုးနွယ်စုပဲပေါ့ . . .”
“မခေါ်ချင် မတော်ချင်လည်း မင်းတို့က သွေးသား တော်စပ်နေတယ်၊ မင်းဘယ်လောက်ပဲ ကြီးမြတ်နေပါ စေ အဲဒီဆက်နွယ်မှုကို ပယ်ဖျက်လို့ မရဘူး . . .”
“နောက်ပြီး သိုင်းလောကမှာ မင်းဘာသာမင်း ကျင်လည်ရမယ်ဆိုပေမယ့် သူ့ကိုလည်း ကြည့်ရှုစောင် မသင့်တာပေါ့ . . .”
“ဒီလိုမှမဟုတ်ရင် မင်းက ကျေးဇူးမသိတတ်တဲ့ သားတစ်ယောက် ဖြစ်သွားလိမ့်မယ် . . .”
“အဲဒီလိုသာ ဖြစ်သွားရင် သားမိုက်ဆိုတဲ့ ခံစား ချက်ကြီးက မင်းနှလုံးသားကို အမြဲတမ်း နှိပ်စက်နေ လိမ့်မယ်၊ မင်းဘယ်လိုမှလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး . . .”
“ကျင့်ကြံမှု ပညာရှင်တစ်ယောက်မှာ နောင်တ တရားတွေ မရှိဘဲ စစ်မှန်တဲ့ နှလုံးသား ရှိမှသာ ကျင့် ကြံမှုနှုန်းကိုလည်း တိုးတက်စေမှာလေ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းအဖေရဲ့ ကျေးဇူးကို မင်း ဆပ်သင့်တာပဲ မဟုတ်ဘူးလား . . .”
“အဲဒါကြောင့် ဆရာသမား ရဲရဲသာ ရင်ဆိုင်လိုက် စမ်းပါကွ . . .”
ဟန်ပိုင်ယွဲ့က သူငယ်ချင်းဖြစ်သူအား နားချလိုက် သည်။
ရဲရှောင် ပြုံးလျက် -
“ငါသိပါတယ် . . .”
“မင်းပြောတဲ့ စကားလုံးတိုင်းကို ငါသိတယ် . . .”
“ပြောရရင် ငါကလည်း ကျင်းထဲကြပ်ထဲ ရောက် နေတာ၊ တကယ်တော့ ငါ့ပြဿနာက မင်းပြောသလို မဟုတ်ဘူး . . .”
ထို့နောက် ဆက်လက်၍ -
“ငါတို့က ညီအစ်ကိုတွေပဲဆိုတော့ ရှောင်ဧကရာဇ် ဆိုတာ ငယ်ငယ်ကတည်းက မိဘစွန့်ပစ်ခြင်း ခံရတဲ့ မိဘမဲ့ တစ်ယောက်ဆိုတာ မင်းသိပါတယ် . . .”
“ရှောင်ဧကရာဇ်မှာ မိသားစုဆိုတာ မရှိဘူး၊ ရှင်း ရှင်းပြောရရင် နာမည်တောင် မရှိဘူးပေါ့ . . .”
“ငါ့နှလုံးသားထဲမှာ နာကျည်းမှုတွေကို အခုချိန်ထိ ခံစားနေရတုန်းပဲ၊ လောကကြီးကိုလည်း မမျှတဘူးလို့ ငါထင်တယ် . . .”
“ဒါပေမယ့် ပိုင်ယွဲ့ တစ်နေ့မှာ ငါ့မိဘအစစ်အမှန် တွေနဲ့ တွေ့ရတဲ့အခါ ငါဘာလုပ်ရမလဲ . . .”
“ငါ့ရဲ့ မိဘအစစ်ဆိုတာ ဘယ်သူတွေဖြစ်မလဲ သူ လား သူလား ဒါမှမဟုတ် ငါဘယ်သူ့ကို ရွေးချယ်ရမလဲ အဲဒါတွေကို မင်းသိလား . . .”
“အင်း . . .”
ဟန်ပိုင်ယွဲ့ မည်သည့် စကားမှ ဆက်မပြောနိုင်၊ အလွန်အမင်းပင် တုန်လှုပ်သွားသည်။
သူကိုယ်တိုင်ပင် မစဉ်းစားတတ်တော့သည့် အခြေ အနေမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“စုံတွဲ နှစ်တွဲလုံးက ငါ့မိဘတွေပဲလား . . .”
ထိုသို့ ပြောချိန် ရဲရှောင်၏ မျက်လုံးထဲ၌ တွေဝေမှု များ အတိုင်းသား ထင်ဟပ်နေသည်။
“သူတို့ လက်ခံနိုင်မယ်လို့ ငါတော့ မထင်ဘူး၊ ငါ က သူတို့ရဲ့သားလား သူတို့ရဲ့သားလား ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ . . .”
ရဲရှောင် သက်ပြင်းသာ ချလိုက်သည်။
ဟန်ပိုင်ယွဲ့မှာလည်း မျက်လုံးအပြူးသားဖြင့်သာ ရှိနေပြီး နှုတ်ဆိတ်လျက်သာ ရှိနေသည်။
ထိုသို့ ဆိုးရွားလှသည့် အခြေအနေကို မည်သို့ အကြံပေးရမှန်းလည်း သူမသိတော့ချေ။
“မင်းရဲ့ အရင်ဘဝ မိဘတွေဆိုတာလည်း သေ တောင် သေသွားလောက်ပြီ ထင်ပါတယ် . . .”
အတန်ကြာ နှုတ်ဆိတ်နေပြီးမှ ဟန်ပိုင်ယွဲ့မှ ပြော လိုက်သည်။
ရဲရှောင်က ဟန်ပိုင်ယွဲ့အား မည်သည့် စကားမှ ပြန်မပြော၊ နှုတ်ဆိတ်၍သာ ကြည့်နေလေသည်။
“ဆရာသမား . . .”
“စဉ်းစားကြည့်စမ်းပါ မင်းက အရင်ဘဝမှာ မိဘမဲ့ တစ်ယောက်လေ၊ တစ်ယောက်တည်း ကျင့်ကြံမှုလမ်း ကို လျှောက်ပြီး မူလတာအို အဆင့်ကိုး ထိပ်ဆုံးအဆင့် ထိ တက်လှမ်းနိုင်ခဲ့တယ် . . .”
“မင်းအတွက် အချိန် ဘယ်လောက်တောင် ကြာခဲ့ သလဲဆိုတာ မင်းအသိဆုံးပါ . . .”
ဟန်ပိုင်ယွဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက် သည်။
“မင်းရဲ့မိဘတွေက သေချာပေါက် အင်အားကြီးတဲ့ လူတွေ မဖြစ်နိုင်ဘူး၊ သူတို့သာ အင်အားကြီးရိုးမှန်ရင် သူတို့သားကို သူတို့ ဘာလို့ စွန့်ပစ်ခဲ့မှာလဲ . . .”
“နောက်ပြီး မင်းကို ရှာဖို့တောင် သူတို့ တစ်ခါမှ မကြိုးစားခဲ့ကြဘူးလေ . . .”
“သူတို့က အင်အားကြီးတဲ့ လူတွေ မဟုတ်ဘူးဆို တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေသွား လောက်ပြီလို့ ငါတော့ထင်တယ် . . .”
“မင်းရော အဲဒီလို မထင်ဘူးလား၊ အဲဒါကြောင့်မ လို့ မင်းဘာမှ စိုးရိမ်မနေပါနဲ့ . . .”
သူ၏ စကားများက ကျိုးကြောင်းဆီလျော်မှုရှိ ကြောင်း ဟန်ပိုင်ယွဲ့ သူ့ကိုယ်သူ ယုံကြည်နေမိသည်။
ရဲရှောင်အဖို့ မိဘများ သေသွားပြီဆိုသည့် စကား ကို ကြားလိုက်ချိန် ဒေါသထွက်ချင်သွားသော်လည်း သက်ပြင်းသာ ချလိုက်မိသည်။
“မင်း ဘာဆိုလိုချင်လဲဆိုတာ ငါသိတယ် မင်းပြော တာကိုလည်း ငါလက်ခံတယ် . . .”
“ဒါပေမယ့် သူတို့အကြောင်း စဉ်းစားလိုက်တိုင်း ငါ့မှာ ခံစားနေရတုန်းပဲ၊ ဘာလို့လဲတော့ မသိဘူး ခံစား ချက်ကတော့ ပေါ်လွင်နေတယ်၊ ငါ့စိတ်ထဲ သူတို့ မ သေသေးဘူးလို့ပဲ ခံစားနေရတယ် . . .”
ထိုသို့ ပြောလိုက်ချိန် ရဲရှောင်၏ မျက်လုံးများထဲ၌ ခံစားချက်များ ရောပြွန်းနေလျက် ရှိသည်။
“အဲဒီခံစားချက်ကြီးက တော်တော်ကို ပြင်းထန် တယ်၊ ငါ့စိတ်ထဲ နေလို့ထိုင်လို့ကို မရဘူး၊ ဘာလို့ ဒီလို တွေးနေမိလဲဆိုတာတောင် မသိတော့ပါဘူးကွာ . . .”
ရဲရှောင် ခေါင်းများကို ကုတ်ရင်း စိတ်ရှုပ်ထွေးဟန် ဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now