အခန်း (၁၁၁၇)(စာစဉ် ၈၀- အပိုင်း ၁၁)
“မင်းဘာလုပ်နေတာလဲ”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ တွေဝေတုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ ရဲမျိုးနွယ်စု၏ အိမ်အတွင်းသို့ ရဲရှောင် နောက်မှ လိုက်ပါလာကြသည်။
ရဲနန်ရှန်လည်း အဖြစ်အပျက်များကြောင့် အံ့ဩ တုန်လှုပ်လျက် ရှိနေသည်။
သားဖြစ်သူက ရေခဲတမျှ အေးစက်လှသည့် အမျိုး သမီးနှစ်ဦးအား အိမ်ထဲသို့ရအောင် ခေါ်သွားနိုင်သည် မဟုတ်ပါလား။
ထို့ပြင် စကားအပြောအဆို အနေအထား၊ အခြေ အနေများအားလုံးမှာလည်း ရဲရှောင်၏ ထိန်းချုပ်မှု အောက်၌သာ ရှိနေသလို ဖြစ်နေလေသည်။
အရာအားလုံးကို ညင်သာစွာ ကိုင်တွယ် ဖြေရှင်း သွားနိုင်သည့် ရဲရှောင်ပါပင်။
မော်တယ်ကမ္ဘာတွင် ရှိစဉ်ကတည်းက သားဖြစ်သူ မှာ ဉာဏ်အမျှော်အမြင်ကြီးမား၍ သတိကြီးသည့် လူ ငယ်တစ်ဦးဖြစ်ကြောင်း ရဲနန်ရှန် သတိထားမိခဲ့သည်။
သားဖြစ်သူ ပေါ်လာသည်နှင့် အကြံအစည်ရှိနှင့်ပြီး ၍သာ ပေါ်လာခြင်းဖြစ်ကြောင်းကိုလည်း ရဲနန်ရှန် ကောင်းစွာ သိနေလေသည်။
အမေးရှိက အဖြေရှိ၊ ပြဿနာရှိက ရဲရှောင်ရှိ ဟူ သည့်အတိုင်း ရဲရှောင်သာ ရှိနေလျှင် အားလုံးကို ဖြေ ရှင်းနိုင်ပေလိမ့်မည်။
“အဖေ အပြင်ကပဲ စောင့်နေလိုက်ပါ . . .”
ရှေ့မှဦးဆောင်သွားသော ရဲရှောင်က ရုတ်တရက် နောက်သို့ လှည့်ကြည့်ပြီး အဖေဖြစ်သူအား လှမ်းပြော လိုက်သည်။
“ဒီအမျိုးသမီးနှစ်ယောက်က ကျွန်တော့်ဆီကို လာ ကြတာဆိုတော့ ကျွန်တော်နဲ့ သူတို့ပဲ စကားသီးသန့် ပြောပါရစေ၊ သူတို့နှစ်ယောက်နဲ့ကြားက ပြဿနာကို ကျွန်တော် အဆုံးသတ်ပစ်လိုက်တော့မယ် . . .”
ရဲနန်ရှန်က သားဖြစ်သူကို အပြည့်အဝ ယုံကြည် သည့်တိုင် စိတ်ထဲ၌ စိုးရိမ်မိနေတုန်းပါပင်။
“မင်း အဆင်ပြေပါ့မလား . . .”
ရဲရှောင် ပြုံးလိုက်ရင်း -
YOU ARE READING