Chapter (926)"ဆုံးရှုံးမခံနိုင်"

202 19 0
                                    

Chapter (926)(စာစဉ် ၆၇- အပိုင်း ၂)

“ဆုံးရှုံးမခံနိုင်”

လိဝူလျန်မှာ မကျေမနပ် ဖြစ်လျက် ရှိသည်။

ထိုကတိကို သူမပေးလိုသည့် ဟန်ပင်။

“မင်းက ငါ့ကို ကတိတွေ ဘာတွေ လာတောင်းနေ တယ်၊ မင်းကိုယ်မင်းလည်း ကြည့်စမ်းပါဦး . . .”

“မိန်းမကြီးကျနေတာပဲ နေရာတကာ လိုက်ပြော နေတာ၊ ဒီ၂နှစ်နီးပါး အတွင်းမှာ မင်းက မိန်းကလေး လို ဖြစ်သွားတာပဲ . . .”

“နောက်ပြီး မင်းမျက်နှာလည်း မင်းပြန်ကြည့်ဦး မသိရင် ပြည့်တန်ဆာရုံက ယောက်ျား ပြည့်တန်ဆာ လိုလို ဘာလိုလိုနဲ့ . . .”

“ဒီမှာ မင်းက အခု ထူးခြားတဲ့ အခြေအနေကို ရောက်နေတာ အဲဒီအတွက် မင်းကို ငါစကားတွေ အများကြီး မပြောချင်ဘူး . . .”

“အပိုစကားတွေ မပြောဘဲ ကတိသာ ပေးစမ်းပါ ကတိပေးမယ် မဟုတ်လား . . .”

ရဲရှောင်က လက်မလျှော့ဘဲ ပြောလိုက်သည်။

“မင်းသာ အပြင်ထွက်လိုက်ရင် ကိုယ့်ကိုယ့်ကိုယ် သတ်သေလို ဖြစ်သွားမှာပဲ . . .”

“အပြင်ထွက်ပြီး မင်းကို အသေခံခိုင်းမယ့်အစား ဒီမှာ နေပြီးပဲ နာကျင်မှုကို ခံစားခိုင်းတော့မှာပေါ့ . . .”

“ခွေးမသား . . .”

“မင်းငါ့ကို ခြိမ်းခြောက်ခဲ့တဲ့ စကားတွေကို ငါ ဘယ်တော့မှ မမေ့ဘူး . . .”

“မင်းတစ်နေ့မှာ အဲဒီအတွက် ပြန်ပေးဆပ်ရမယ်”

“အခုတော့ ငါစိတ်လျှော့ထားလိုက်ဦးမယ် . . .”

“ကောင်းပြီ . . .”

“အပြင်ထွက်ပြီး ငါအသေမခံဘူးလို့ ကတိပေး တယ်၊ ဒါဆို မင်းကျေနပ်သွားပြီ မဟုတ်လား . . .”

နှုတ်က ထိုသို့ ပြောလိုက်ရသော်လည်း လိဝူလျန် မှာ မကျေမနပ် ဖြစ်နေတုန်းပါပင်။

ထို့နောက် လှိုဏ်ဂူအတွင်းကို ကြည့်ပြီး သက်ပြင်း ချလိုက်ပြန်သည်။

ယခုနေရာတွင် တစ်နှစ်ခန့်လောက် နေရဦးမည် မဟုတ်ပါလား။

လူသားများက ထူးခြားသော သက်ရှိများပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora