1083----1084

178 16 2
                                    

အခန်း (၁၀၈၃)(စာစဉ် ၇၈- အပိုင်း ၅)

“ကျုပ် တိုက်ခိုက်နိုင်ပါတယ်”

ရဲရှုချင်၏ မိသားစု၌ သူတို့၏ နောက်ဆုံးမျိုးဆက် ဟု ဆိုနိုင်သည့် ရဲရှောင် ရှိနေချေပြီ။

အကယ်၍ ရဲရှုချင်၏ အင်အားကိုသာ ထိန်းချုပ်နိုင် လိုက်ပါက သူ့အတွက် ခြိမ်းခြောက်လာနိုင်မည့် လူဟူ ၍ မရှိနိုင်တော့ပေ။

ထို့ကြောင့် ယခု သူတွေးလိုက်သည့် အကြံအစည် က ပြီးပြည့်စုံသည့် အကြံအစည် တစ်ခုပါပင်။

သို့သော် သူ့အဖို့ ရဲရှောင်နှင့် စကားကောင်းမွန်စွာ ပြောမည်ဟု ဟန်ပြင်လိုက်သော်လည်း ထိုလူငယ်၏ နာမည်ကို မသိရသေးချေ။

ထိုစဉ် လူငယ်လေးဘက်မှ ရဲရှုစင်အား စတင်၍ စကားပြောဆိုလာသည်။

“ဟုတ်တယ် ကျုပ်က သူ့ရဲ့သားပဲ . . .”

ရဲရှောင်က ခေါင်းညိတ်၍ ရိုးသားဟန်အပြည့်ဖြင့် ပြောလိုက်သည်။

“အဘိုး ကျုပ်ကို အမြဲပြောတဲ့ စကားတစ်ခွန်း ရှိ တယ်၊ ကျုပ်တို့အားလုံးက မိသားစုတွေပဲတဲ့ . . .”

“အဲဒီတော့ အချင်းချင်း ညှိနှိုင်းပြီး အဖြေရှာကြရ မှာပေါ့ မဟုတ်ဘူးလား . . .”

ထိုစကားကြောင့် ရဲနန်ရှန်၏ မျက်နှာကွက်ခနဲ ပျက်သွားပြီး အဘိုးကြီးရဲ၏ မျက်နှာလည်း ဖြူရော် ရော်ပင် ဖြစ်သွားသည်။

ထို့အတူ ရဲရှုချင်၏ လူများလည်း မျက်စိမျက်နှာ ပျက်သွားကြပြီး ပုံမှန်မဟုတ်ကြောင်း တွေးလိုက်မိကြ သည်။

အဘိုးကြီးရဲက စိတ်ပျော့သူတစ်ဦး ဖြစ်သည့်တိုင် ယခုအကြိမ်တွင်မူ စိတ်ကိုတင်းထားရန် ဆုံးဖြတ်ထား ခဲ့သည်။

သို့သော် လက်ရှိတွင် မြေးဖြစ်သူမှာ ငတုံးငအ တစ်ဦးကဲ့သို့ပင် ဖြစ်နေပြန်သည်။

ဟန်ပိုင်ယွဲ့မှာမူ သူငယ်ချင်းဖြစ်သူအား ကြည့်ရင်း အခန်းထဲ၌ အူလှိုက်သည်းလှိုက်ပင် ရယ်မောမိနေလေ သည်။

(ဆရာသမားကတော့ လုပ်ပြီ . . .)

(အကွက်တွေ ချပြနေပြီး ပြဿနာရှာတော့မယ်)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now