အခန်း (၉၆၂)(စာစဉ် ၆၉-အပိုင်း၁၀)
“တစ်လှေတည်းစီး တစ်ခရီးတည်းသွား”
အဖြစ်အပျက်များမှာ ရဲရှောင် ထင်ထားသည်ထက် ပိုမို ဆန်းကျယ်လာခဲ့သည်။
ရွှမ်ပိုင်မှ ဟန်ပိုင်ယွဲ့၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး -
“အင်း ရဲမြို့တော်လား . . .”
“ကောင်းပါတယ် အဲဒီမြို့မှာ ထူးခြားတဲ့ ဆေးပင် တွေ ရှိတတ်တယ် . . .”
“မဆိုးပါဘူး ရှင်တို့က နေရာကောင်းကို ရွေးချယ် တတ်သားပဲ . . .”
ထိုစကားကြောင့် ဟန်ပိုင်ယွဲ့မှာ မျက်လုံးပြူးသွား ကာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။
(ဘယ်လို . . .)
(သူက ငါပြောတာ ယုံသွားတယ်တဲ့လား . . .)
(ရဲမြို့တော်မှာ တကယ်ပဲ ရှားပါးတဲ့ ဆေးပင်တွေ ရှိနေတာလား ငါကဒီအတိုင်းပဲ ပါးစပ်ထဲတွေ့ရာကို လျှောက်ပြောလိုက်တာပါ . . .)
(ငါ့ကိုယ်ငါတောင် သေချာမသိဘူး . . .)
နာမည်ကျော် အမျိုးသမီးမှ သူပြောသည့်စကားကို လွယ်လွယ်လေး ယုံသွား၍ ဟန်ပိုင်ယွဲ့မှာ အံ့ဩသွား သည်။
ထို့နောက် သူ၏ ခေါင်းထဲတွင် အတွေးတစ်ချက် လင်းလက်သွားပြန်သည်။
(သူက ငါ့ကို ကြိုက်နေတာများလား . . .)
ရွှမ်ပိုင်မှ အတန်ကြာအောင် နှုတ်ဆိတ်ပြီးမှ -
“တော်တော်ကို တိုက်ဆိုင်တာပဲ . . .”
“ကျွန်မလည်း မြောက်ပိုင်းကို သွားမလို့ . . .”
“ထင်တော့ထင်ပါတယ် ကျွန်မတို့ ဒီမှာဆုံရတာ ရေစက်ကြောင့်ပဲလို့ . . .”
“ဟန်ပိုင်ယွဲ့ . . .”
“ကျွန်မတို့ တစ်လမ်းတည်း သွားနေတဲ့ ခရီးသွား တွေဆိုတော့ ရှင်တို့နှစ်ယောက်နဲ့ ကျွန်မ အတူတူ သွားရင်ရော ဘယ်လိုလဲ . . .”
“လမ်းမှာ ကျွန်မတို့ အပြန်အလှန် ကူညီပေးလို့ ရတာပေါ့ မဟုတ်ဘူးလား . . .”
ရွှမ်ပိုင်မှ မထူးခြားဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြော လိုက်သည်။
ဟန်ပိုင်ယွဲ့မှာမူ ရွှမ်ပိုင်၏ စကားကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
(ဘယ်လို . . .)
(ဒီပြောပုံဆိုပုံမျိုးကို ငါရင်းနှီးနေသလိုပဲ . . .)
(သူက ငါ့ကို တကယ်ပဲ ကြိုက်နေတာလား . . .)
ထိုသို့ ထင်မိသွားခြင်းက ဟန်ပိုင်ယွဲ့၏ အပြစ်ဟု မဆိုသာချေ။
သူ့ကို ချည်းကပ်လိုသော မိန်းကလေးများထံမှ ထို သို့သော ဆင်ခြင်မျိုးကို ကြိမ်ဖန်များစွာ ကြားဖူးခဲ့ သည်။
သူ့အဖို့ တစ်ချိန်တစ်ခါက အလွန်ရေပန်းစားသည့် လူတစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ဝုဟူရှန်၏ မိန်းမဖြစ်သူ နင်ပင်းဂျာပင် သူနှင့် အမြဲ လိုလို တိုက်ဆိုင်စွာပင် တွေ့ဆုံတတ်သည်။
ထိုသို့ တွေ့ဆုံတိုင်းလည်း ဆင်ခြေအမျိုးမျိုးဖြင့် သူ့အနား ချည်းကပ်တတ်တသည်။
သို့သော် ယခုအခါ ရွှမ်ပိုင်ကဲ့သို့ အမျိုးသမီးမှ ပြော ဆိုလာ၍ သူ့နားသူ မယုံနိုင်အောင် ဖြစ်နေတော့သည်။
(ဒါကြီးက သိသာလွန်း မနေဘူးလား . . .)
(သူ့လို အစွမ်းထက်တဲ့ လူတစ်ယောက်ကဖြင့် လမ်းမှာ အကူအညီ လိုတယ်တဲ့လား . . .)
(ဟာသပဲ သူက ငါ့ကို တကယ် ကြိုက်နေတာများ လား၊ ငါထင်ထာ မမှားဘူးဆိုရင်တော့ ဖြစ်နိုင်တယ်)
ဟန်ပိုင်ယွဲ့မှာ တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေ မိသည်။
(သူသာ ငါ့ကို တကယ်ကြိုက်နေရင် ငါသူ့ကို ဘယ် လိုများ ငြင်းရမလဲ . . .)
(သူ့ရဲ့ ခံစားချက်တွေကိုလည်း ငါမနာကျင်စေချင် ဘူး၊ ငြင်းလည်း မငြင်းရဲဘူးလေ . . .)
(နောက်ပြီး ငါကလက်ထပ်ပြီးသွားပြီဆိုတော့)
(အင်း ခက်တော့ ခက်ပြီ . . .)
ရဲရှောင်လည်း ဟန်ပိုင်ယွဲ့လိုပင် မယုံကြည်နိုင် အောင် ဖြစ်နေသည်။
ရွှမ်ပိုင်မှ သူတို့နှစ်ဦးအား သတ်သွားလျှင်ပင် ထိုမျှ လောက်ထိ အံ့ဩလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သေခြင်းတရားထက်ပင် ပို၍ အံ့ဩစရာကောင်းသည်ကို ရွှမ်ပိုင်မှ ပေးစွမ်းနေသည် မဟုတ်ပါလား။
(ခုနတုန်းကဖြင့် သူက မြောက်ကနေ တောင်ကို ပျံသန်းလာတာ ငါတို့ကိုတောင် ကျော်သွားသေးတယ်၊ ငါတို့ကို သတိပြုမိတဲ့ အချိန်မှသာ အောက်ကို ပြန်ပြီး ဆင်းလာခဲ့တာ . . .)
(အခုကျ ငါတို့နဲ့ လမ်းကြုံတယ်တဲ့လား . . .)
(တောင်နဲ့ မြောက်က ဘယ်လိုလုပ် လမ်းကြုံသွား ရတာလဲ၊ ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် သူ့ကိုယ်သူ အရူးပြန်လုပ်နေတာများလား)
“ကောင်းပြီလေ အတူသွားကြတာပေါ့ . . .”
ဟန်ပိုင်ယွဲ့မှ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက် သည်။
(နတ်သမီး တစ်ပါးလို လူက ငါတို့နဲ့ အတူတူလိုက် ချင်တယ်လို့ ပြောတာ အတော်ကို အံ့ဩဖို့ကောင်းတာ ပဲ၊ ဒီလိုမိန်းမမျိုးနဲ့ အတူရှိနေရတာ အချိန်မရွေး ထပြီး ပေါက်နိုင်တဲ့ မိုင်းတစ်ခုလိုပဲ . . .)
(သူ ဘယ်အချိန် စိတ်ရူးပေါက်ပြီး ငါတို့တွေကို သေအောင် ရိုက်နှက်ပစ်မလဲဆိုတာ ဘယ်သူက သိမှာလဲ . . .)
(အနည်းဆုံးတော့ သူငါ့ကို ကြိုက်လို့ တစ်ခုခု လုပ် ချင်တယ် ဆိုရင်တောင် ငါ့မှာ ရွေးချယ်စရာ မရှိလို့ ခွင့် ပြုပေးရမယ့် ပုံစံ . . .)
(ဘုရား ဘုရား ငါက ကျင့်ဝတ်သိက္ခာနဲ့ နေတဲ့ ယောက်ျားတစ်ယောက် ဒါမျိုးကြီးကတော့ မဖြစ်ချင် ပါဘူးကွာ . . .)
ဟန်ပိုင်ယွဲ့မှာမူ သူသန်ရာ သန်ရာကို ဆွဲ၍ တွေး နေမိသည်။
အကယ်၍ သူတွေးနေသည့် အရာများကိုသာ ဖွင့် ချပြလိုက်ပါက ယခုနေရာတွင်ပင် ချက်ချင်း အသတ် ခံရနိုင်သည်။
ဟန်ပိုင်ယွဲ့မှ အားတင်းလိုက်ရင်း -
“ကျုပ်တို့က လုပ်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စ လေးတွေ ရှိသေးတယ် . . .”
“အဲဒီတော့ ခင်ဗျားက ကျုပ်တို့နဲ့ အတူလိုက်ဖို့ကို သင့်တော်ပါ့မလား . . .”
ရွှမ်ပိုင်မှ အေးစက်စက်ဖြင့် -
“ဒါပေါ့ လူတိုင်းက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိတာပဲလေ အဲဒါက ဘာထူးဆန်းနေလို့လဲ . . .”
ဟန်ပိုင်ယွဲ့မှာမူ ပြောစရာ စကား ပျောက်ရှသွား သည်။
ထို့ကြောင့် မတတ်သာသည့်အဆုံး ရဲရှောင်ဘက် လှည့်ကာ အကူအညီတောင်းသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။
(လုပ်ပါဦး ဆရာသမားရယ် . . .)
(ငါတော့ မပြောနိုင်တော့ဘူး နည်းနည်းပါးပါး ဝင် ပြောစမ်းပါဦးကွ . . .)
ရဲရှောင်လည်း ချောင်းတစ်ချက် ဟန့်လိုက်ပြီး -
“အဟမ်း . . .”
“ကောင်းပြီ မိန်းကလေး . . .”
“ယောကျ်ားသား နှစ်ယောက်နဲ့ မိန်းကလေး တစ် ယောက်ဆိုတာ ဒီလိုကြီး အတူတူသွားလို့ မသင့်တော် ဘူး ထင်တယ် . . .”
“အဲဒီတော့ . . .”
သို့သော် ရွှမ်ပိုင်မှာမူ ရဲရှောင်အား စကားအဆက် မခံ။
ကြားမှ မြန်မြန်ဆန်ဆန်ပင် ဖြတ်၍ ဝင်ပြောလိုက် သည်။
“ဟင် တကယ်ပဲလား . . .”
“ကျွန်မတော့ အဲဒီလို မထင်ပါဘူး . . .”
“ဘာလဲ ရှင်တို့နှစ်ယောက်က ကျွန်မကို ဒုက္ခပေး မှာ မလို့လား . . .”
ထိုစကားကြောင့် ရဲရှောင်မှာ သူ့နှာခေါင်းကိုသာ ပွတ်လိုက်ရင်း မည်သည့်စကားမှ မပြောနိုင်တော့ချေ။
(ငါတို့က မင်းကို ဒုက္ခပေးမယ်တဲ့လား . . .)
(တစ်ခါမှ စဉ်းတောင် မစဉ်းစားဝံ့ဘူး . . .)
(မင်းကို ဒုက္ခပေးမယ့်အစား ကျားမြီးသာ သွားဆွဲ လိုက်တော့မယ် . . .)
(မင်းကသာ ငါတို့ကို ဒုက္ခပေးရင် ပေးမှာ၊ မင်းက ငါတို့အတွက် အကြီးမားဆုံး ဒုက္ခအိုးကြီးပဲ . . .)
“အဟွတ် အဟွတ် . . .”
“မိန်းကလေး မင်းဘက်က ဒီလိုဆိုမှတော့ ကျုပ် တို့ အတူတူပဲ သွားကြတော့တာပေါ့ . . .”
နောက်ဆုံးတွင် ရဲရှောင်လည်း ထိုသို့သာ လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
သူမ၏ ဆုံးဖြတ်ချက်မှာ ပြောင်းလဲမည် မဟုတ်၍ အတူခေါ်သွားရန်သာ ရှိတော့သည် မဟုတ်ပါလား။
ထို့ပြင် သူမကိုယ်တိုင် လိုက်ချင်နေသဖြင့် သူတို့ မည်သည့် တားဆီးဝံ့ပါမည်နည်း။
ဟန်ပိုင်ယွဲ့မှာမူ ရဲရှောင်အား မကျေမချမ်းဖြင့် လှမ်းကြည့်လိုက်သည်။
(ဆရာသမားရယ် ဘာလို့များ ခေါင်းညိတ်လိုက်ရ တာလဲ . . .)
(သူ့ကို ခေါ်သွားပြီးရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ သိလို့လား . . .)
(အနည်းဆုံးတော့ ငါထပ်ပြီး အလှောင်ခံနေရမှာ သေချာတယ် . . .)
ရဲရှောင်လည်း ဟန်ပိုင်ယွဲ့အား မချိပြုံးသာ ပြန်၍ ပြုံးပြလိုက်သည်။
ထိုအပြုံးမှတစ်ဆင့် သူပြောချင်နေသည်မှာ -
(ငါကမလိုက်နဲ့လို့ ဘယ်လို ပြောရမလဲ . . .)
(မင်းသူ့ကို မောင်းထုတ်နိုင်မယ်ဆိုရင် ချက်ချင်း ငါ့စိတ်ကို ပြန်ပြောင်းပေးမယ် . . .)
ဟန်ပိုင်ယွဲ့မှာလည်း မျက်နှာ ရှုံ့မဲ့လျက် ရှိသည်။
(ငါသာ သူ့ကို မောင်းထုတ်နိုင်မယ်ဆိုမှတော့ ဒီလို နေနေမလား . . .)
(ဂိုဏ်းသုံးခုကို သွားပြီး အစောကြီးကတည်းက အပြတ်ရှင်းပြီးသွားပြီ . . .)
ထိုစဉ် သူတို့နှစ်ဦးကဲ့သို့ ရွှမ်ပိုင်မှာလည်း တွေးနေ မိသည်။
(ဘာတွေ ဖြစ်နေတာလဲ . . .)
(သူက အခုမှ ဒီကမ္ဘာကို ရောက်လာတာ သေချာ တယ် . . .)
(သူ ဘယ်လောက်ပဲ တိုးတက်မှု မြန်နေပါစေဦး ဟန်ပိုင်ယွဲ့ထက်တော့ အများကြီး အားနည်းနေဦးမှာ ပဲလေ . . .)
(အဲဒါဆို ဆုံးဖြတ်ချက် ချတော့ ဘာလို့ သူက ချ ပေးရတာလဲ၊ ဘာလို့ သူက ခေါင်းဆောင်တစ်ယောက် နဲ့ တူနေရတာလဲ . . .)
(ဟန်ပိုင်ယွဲ့က ဆုံးဖြတ်ချက် မချရဘူး သူကပဲ ဆုံးဖြတ်ချက် ချရတယ် ဒါကြီးက ထူးဆန်းလွန်း မနေ ဘူးလား . . .)
ထိုသို့ဖြင့် ဆုံးဖြတ်ချက်ချပြီးနောက် မြောက်အရပ် သို့ အတူတကွ ထွက်ခွာလာကြသည်။
ထိုစဉ် ဟန်ပိုင်ယွဲ့မှ မျက်နှာမသာမယာဖြင့် -
“မိန်းကလေး . . .”
“ကျုပ်တို့ နှစ်ယောက်လုံးက အားနည်းပါတယ်၊ အဲဒီတော့ ကျုပ်တို့က ဒီလိုပဲ ခြေလျင်သွားနိုင်တယ်”
“ခင်ဗျားကတော့ ဒီလိုကြီး သွားမလို့လား . . .”
ဟန်ပိုင်ယွဲ့မှာ တိမ်တိုက်မြူခိုးများကြား ကြည့်၍ ပြောလိုက်သည်။
(ဘယ်သူက ငါတို့ကို မိန်းကလေး တစ်ယောက်နဲ့ ခရီးသွားနေတယ်လို့ ထင်မှာလဲ . . .)
(တစ္ဆေတစ်ကောင်နဲ့ ခရီးသွားနေတယ်လို့ပဲ ထင် ကြမှာ . . .)
“ဪ အဲဒါက လွယ်ပါတယ် . . .”
ရွှမ်ပိုင်မှ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက် သည်။
ထို့နောက် ချက်ချင်းဆိုသလို တိမ်တိုက်မဲကြီးများ ပျောက်ကွယ်သွားသည်။
ထိုအခါ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦး၏ ခန္ဓာ ကိုယ်မှာ ပေါ်လာသည်။
ထိုမိန်းကလေးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင် ထားပြီး ခန္ဓာကိုယ် အချိုးအဆစ်မှာလည်း ပုရိသများ အကြိုက် စွဲမက်ဖွယ်ပင် ကောင်းလွန်းနေသည်။
မျက်နှာကိုမူ မည်သူမှ မမြင်ရစေရန် ပိုးသားပဝါ ဖြင့် ဖုံးအုပ်ထားသည်။
ထို့ပြင် ခေါင်းထက်တွင် မျက်လုံးထိ ဖုံးအုပ်ထား စေနိုင်သည့် မြက်ဦးထုပ် တစ်လုံးကို ဆောင်းထားပြန် သည်။
“အခုရော ဘယ်လိုလဲ . . .”
“ရပြီလား ဒီလောက်ဆိုရင် . . .”
ရွှမ်ပိုင်မှ မေးလိုက်သည်။
ထိုစကားကြောင့် ဟန်ပိုင်ယွဲ့နှင့် ရဲရှောင်တို့နှစ်ဦး လုံး အံ့ဩသွားကြသည်။
(အခုရော ဘယ်လိုနေလဲတဲ့ . . .)
“ရပြီ ရပြီ . . .”
“ဒီထက်ပိုကောင်းတာ ဘာမှ မရှိတော့ဘူး . . .”
“သွားကြစို့ . . .”
ရဲရှောင်မှ ပြုံး၍ ပြောလိုက်ပါတော့သည်။
YOU ARE READING