အခန်း (၉၅၄)"အလိုက်အထိုက် ပြောဆိုတတ်ခြင်း"

185 20 0
                                    

အခန်း (၉၅၄)(စာစဉ် ၆၉- အပိုင်း၂)

“အလိုက်အထိုက် ပြောဆိုတတ်ခြင်း”

“ဆရာကြီး . . .”

“ဆရာကြီး ပြောတာ မှန်ပါတယ် . . .”

“ကျုပ်တို့ ဂိုဏ်းချုပ်ကြီးက ဆရာကြီး ကူညီပေးခဲ့ တဲ့ ကျေးဇူးတွေကို အခုထိ မမေ့ရှာပါဘူး . . .”

“ဂိုဏ်သားတွေ ရှေ့မှာဆိုလည်း အဲဒီအကြောင်းကို ပဲ ခဏခဏ ပြောပြဖူးပါတယ် . . .”

“ဆရာကြီးနဲ့က ခဏလောက်ပဲ တွေ့ခဲ့ဖူးပေမယ့် အရင်းနှီးဆုံး မိတ်ဆွေတွေပါတဲ့ . . .”

“ဆရာကြီးလိုပဲ ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ လူမျိုးနဲ့ပဲ မိတ်ဆွေဖွဲ့ဖို့လည်း ကျုပ်တို့ကို အမြဲဆုံးမ တတ်သေးတယ်ဗျ . . .”

“တစ်ခါတစ်လေကျ အချိန်အကြာကြီး ပေါင်းသင်း လာခဲ့တဲ့ လူတွေက မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ် ချင်မှ ဖြစ်လိမ့်မယ် . . .”

“ဒါပေမယ့် ခဏလောက်ပဲ တွေ့ရတဲ့ လူတွေ ကတော့ မိတ်ကောင်း ဆွေကောင်းတွေ ဖြစ်သွားနိုင် တာပဲလေ . . .”

“ဆရာကြီးက ကျုပ်တို့ ဂိုဏ်းချုပ်အတွက်တော့ တကယ့်ကို မိတ်ဆွေကောင်း တစ်ယောက်ပါ . . .”

ဂိုဏ်းသား တစ်ဦးမှ ရိုရိုကျိုးကျိုးဖြင့်ပင် ပြောဆို လိုက်သည်။

ကြားနေရသည့် စကားများကြောင့် ရဲရှောင် ပါးစပ် အဟောင်းသားပင် ဖြစ်နေရသည်။

(ဘယ်လိုဖြစ်တာလဲဟ . . .)

(ဟန်ပိုင်ယွဲ့က လုပ်ကြံဖန်တီးပြီး ပြောနေတာ)

(အဲဒါတောင် မင်းတို့က သူ့ကို တလေးတစား ဆက်ဆံပြနေသေးတယ် . . .)

(နောက်ပြီး သူက အဲဒီလို ပြောတာနဲ့ မင်းတို့က မျက်စိမှိတ်ပြီး ယုံနေတာပဲလား . . .)

ဟန်ပိုင်ယွဲ့မှ မှင်သေသေ မျက်နှာထားဖြင့် -

“အင်း ဝုဟူရှန်က အသိဉာဏ်ရှိတဲ့ လူတစ်ယောက် ပါ၊ အဲဒီအတွက် သူနဲ့ မိတ်ဆွေ ဖြစ်ခဲ့ရတာကို ငါ ဘယ်တော့မှ နောင်တမရဘူး . . .”

“သူ့က ငါ့ကို သတိရသလို ငါကလည်း သူ့ကို မမေ့ ပါဘူး . . .”

ထို့နောက် သက်ပြင်းချလိုက်ပြန်ရင်း -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now