အခန်း (၉၅၃)(စာစဉ် ၆၉- အပိုင်း၁)
“သရုပ်ဆောင် ပီပြင်မှု”
ဟန်ပိုင်ယွဲ့မှာ ရုပ်တည်ကြီးဖြင့် သရုပ်ဆောင်နေ လျက်ရှိသည်။
သူ့အား အလိုရှိနေသည့် ရန်သူများ ရှေ့တွင်ပင် အခြားလူတစ်ဦးကဲ့သို့ ပိပိရိရိဖြင့် ဟန်ဆောင်နေခြင်း ဖြစ်သည်။
ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း ရဲရှောင် စိတ်ထဲ ကြိတ် ချီးကျူးလိုက်သည်။
ဟန်ဆောင်ကောင်းရုံမက အပြောအဆိုမှာလည်း ကောင်းနေသည် မဟုတ်ပါလား။
နေရောင်ဂိုဏ်းမှ လူများဖြစ်ကြောင်း သိသည်နှင့် ၎င်းတို့၏ စကားမဆုံးသေးခင်မှာပင် ဂိုဏ်းချုပ်ဖြစ်သူ ဝုဟူရှန်အကြောင်း ကြားဖြတ်ပြောလိုက်သည်။
ပို၍သိသာစေရန် ‘ဂိုဏ်းချုပ် ဖြစ်နေတုန်းလား’ ဆိုသည့် စကားကိုပင် ထည့်သွင်းပြောဆိုလိုက်သည်။
ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း ရဲရှောင် မရယ်မိစေရန် မနည်းပင် အောင့်ထားနေရသည်။
(နေစမ်းပါဦး . . .)
(ဝုဟူရှန်က ဂိုဏ်းချုပ်အဖြစ် ရှိနေတာ နှစ်ပေါင်း ၈၀ကျော်လောက် ရှိနေပြီ . . .)
(အဲဒါတောင် သူက ဒီလို မေးတယ်ဆိုတော့ မသိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀လောက်က သိခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းတွေ ကျနေတာပဲ ခွီး . . .)
(သရုပ်ဆောင်တယ် ဆိုတာ စကားတွေကို ကိုယ် လိုသလို ပြောလို့ရတယ် ဆိုတဲ့ အမှန်တရားကို မင်းက သက်သေပြပေးလိုက်တာပဲ . . .)
ဟန်ပိုင်ယွဲ့မှာမူ ပိုင်ပိုင်နိုင်နိုင်ဖြင့်ပင် သရုပ်ဆောင် လျက် ရှိသည်။
မှင်သေသေ မျက်နှာထားဖြင့် အတည်ပေါက် ပြော ဆိုနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူ၏ သရုပ်ဆောင် ကောင်းမှုက နေရောင်ဂိုဏ်းမှ လူများကိုပင် အံ့ဩသွားစေခဲ့သည်။
ခဏအကြာတွင် ထိုလူများအနက် တစ်ဦးမှ -
“ရှိ ရှိ ရှိပါတယ် . . .”
“ခင် ခင် ခင်ဗျားက ကျုပ်တို့ ဂိုဏ်းချုပ်နဲ့ အသိ တွေလား . . .”
YOU ARE READING