အခန်း (၉၆၅)(စာစဉ် ၆၉- အပိုင်း၁၃)
“ခေါ်ရခက်ခြင်း”
“ကောင်လေး မင်းက ငယ်ဦးမှာပေါ့ . . .”
နှစ်ဦးသားမှာ လမ်းမထက်ဝယ် လျှောက်နေရင်း ဖြင့် ရွှမ်ပိုင်မှ ရုတ်တရက် မေးလိုက်သည်။
“အင်း ဟုတ်တယ် . . .”
ရဲရှောင်မှ ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
(ငါ့မျက်နှာလည်း ကြည့်ဦးလေ လူတိုင်းက ငါ့ကို ကြည့်လိုက်တာနဲ့ ငယ်ရွယ်တယ်လို့ ထင်ကြမှာပဲ)
ထို့ကြောင့် ရွှမ်ပိုင်မှ သူ့အား ကောင်လေးဟု ခေါ် လိုက်သည့်အပေါ် ရဲရှောင်စိတ်ထဲ မထားလိုက်ချေ။
သူ၏ ပုံစံက ၁၈နှစ်သား အရွယ်ပုံစံမျိုးပင် ဖြစ်နေ သည် မဟုတ်ပါလား။
ထို့ပြင် ရှောင်ဧကရာဇ် ဘဝ၌ပင် ရွှမ်ပိုင်နှင့် ယှဉ် ပါက အသက်အရွယ်အားဖြင့် အတော်ကွာခြားသည် ဟု ဆိုရမည်။
“ဒါဆို ၁၉ နှစ်လား ၁၈ နှစ်လား . . .”
ရွှမ်ပိုင်မှ မေးလိုက်သည်။
ရဲရှောင် စိတ်ထဲ ရွှမ်ပိုင်မှ ထိုသို့သော မေးခွန်းများ ကို လာမေးနေ၍ ထူးဆန်းနေမိသည်။
“အင်း ကျုပ်က ၁၈ နှစ်ပါ . . .”
“ဒါပေမယ့် မင်းပုံစံကို ကြည့်ရတာ ၁၇နှစ်တောင် ကျော်မယ့်ပုံ မရှိသေးဘူး အဲဒါတောင် ဘာလို့ ကိုယ့် ကိုယ်ကိုယ် အသက်ကြီးချင်ယောင်ဆောင်ရတာလဲ”
“မင်းကိုယ်မင်း အသက်ကြီးတယ် ထင်နေတယ် ပေါ့ တကယ်တော့ မင်းက ကလေးသာသာပဲ ရှိသေး တာကို . . .”
ရွှမ်ပိုင်မှ မထိတထိဖြင့် ပြောလိုက်သည်။
ထိုသို့ ပြောရင်း ပဝါအောက်ရှိ သူမ၏ မျက်နှာမှာ ပြုံးယောင်သမ်းလျက် ရှိသည်။
“အဲ . . .”
ရဲရှောင် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
(သူ ပြောတာတော့ မှန်သားပဲ . . .)
(ငါက ၁၇နှစ်ပဲ ရှိသေးတာ . . .)
(ဒါပေမယ့် ၁၇နှစ်ပဲ ဖြစ်ဖြစ် ၁၈နှစ်ပဲ ဖြစ်ဖြစ် ဘာဖြစ်လို့လဲ ဒါကအရေးကြီးနေလို့လား . . .)
YOU ARE READING