Chapter (941)(စာစဉ် ၆၈- အပိုင်း၃)
“ဒေါသထွက်သွားခြင်း”
ပုရှန်ဖေ့မှ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး -
“မင်းဘယ်သူလဲ . . .”
“ဘာလို့ သူများကိစ္စကို ဝင်ပါချင်နေရတာလဲ . . .”
“ငါဘယ်သူလဲဆိုတာ မင်းသိလား . . .”
“မင်းလုပ်ရပ်က ဂိုဏ်းသုံးခုလုံးနဲ့ ရန်သူဖြစ်သွား စေနိုင်တယ်၊ မင်းက ငါတို့ရဲ့ ကမ္ဘာ့ရန် ဖြစ်သွားလိမ့် မယ် . . .”
“အဲဒါကြောင့် မင်းဒီနေရာမှာတင် ရပ်လိုက်တော့၊ မင်းလုပ်နေတဲ့ အရာကိုရော မင်းသိရဲ့လား . . .”
“မင်းနားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တယ်”
ရဲရှောင်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး -
“နားလည်မှု လွဲတယ် ဟုတ်လား . . .”
“ဘယ်လိုများ လွဲတာလည်း ပြောစမ်းပါဦး . . .”
ပုရှန်ဖေ့မှ -
“မိတ်ဆွေ သေချာနားထောင် . . .”
“ဘာတွေ ဖြစ်နေတယ်ဆိုတာ မင်းမသိဘူးနော်၊ မင်းက အမှန်တရားကိုတောင် မသိဘဲ ငါ့ကို နာကျင် အောင် လုပ်လိုက်ပြီ . . .”
“ဒါပေမယ့် မင်းကိုတော့ အပြစ်မတင်ပါဘူး . . .”
ထိုသို့ ပြောလိုက်သော်လည်း ပုရှန်ဖေ့၏ စိတ်ထဲ ကြောက်ရွံ့နေမိသည်။
မျက်လုံးများထဲတွင်လည်း မျက်ရည်များ ဝဲစပြုနေ သည်။
“မင်းသိရမယ့် အချက်တစ်ချက် ရှိတယ် . . .”
“ငါက နေရောင်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက် ပဲ၊ နောက်ပြီး ဒီလူက ငါတို့ရဲ့ ကမ္ဘာ့ရန် . . .”
“အဲဒီတော့ မင်းနဲ့မဆိုင်တဲ့ ဒီကိစ္စကို ဝင်မပါဖို့ ငါ မေတ္တာရပ်ခံပါရစေ . . .”
“ငါက ငါတို့ဂိုဏ်းရဲ့ အရေးကြီးတဲ့ ဂိုဏ်းသား တစ်ယောက်ဆိုတော့ သဘောထားကြီးကြီးနဲ့ မင်းရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးပါ့မယ် . . .”
ပုရှန်ဖေ့မှာ အသတ်ခံရမည်စိုး၍ စကားများကို တောင်စဉ်ရေမရ လျှောက်ပြောနေမိသည်။
YOU ARE READING