အခန်း (၁၀၅၇)(စာစဉ် ၇၆- အပိုင်း ၇)
“ပိုင်အာလား”
လက်ရှိအချိန်တွင် ဟန်ပိုင်ယွဲ့အား မည်သူကမှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှမ်ပိုင်အဖို့လည်း ဟန်ပိုင်ယွဲ့ ဖြစ်နေ၍ အလျှော့ ပေးနေခြင်းသာ။
အခြားတစ်ယောက်သာ ဆိုပါက ယခုနေရာ၌ပင် ပွဲသိမ်းသွားနိုင်သည်။
သို့သော် ဟန်ပိုင်ယွဲ့က ရဲရှောင်၏ သွေးသောက် ညီအစ်ကို ဖြစ်နေသည် မဟုတ်ပါလား။ထို့ပြင် ရဲရှောင်အတွက် အသက်ကိုပင် ပေးဝံ့သည့် လူမျိုးလည်း ဖြစ်နေသည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့သာ သေဆုံးသွားပါက သူမ ချစ်ရသည့် အစ်ကိုကြီးကို မည်သို့ရှင်းပြရပါမည်နည်း။
ထိုသေဆုံးမှုကလည်း သူမ၏ လက်ချက်ကြောင့် ဆိုလျှင် ပို၍ပင် ရှုပ်ထွေးသွားနိုင်သည်။
အကယ်၍ ရဲရှောင်သာ ထိုအချက်ကို သိသွားပါက သူမအား မတိုက်ခိုက်သည့်တိုင် ခွင့်လွတ်မှုကိုမူ ပေး သနားလိမ့်မည် မဟုတ်ချေ။
လက်ရှိအချိန်၌ ဟန်ပိုင်ယွဲ့မှာ ထိန်းချုပ်မှုကင်းမဲ့ ကာ စိတ်ရူးပေါက်နေချေပြီ။
သူ၏ မျက်လုံးများကလည်း ရဲရဲနီနေပြီး အသက် ကိုပင် စတေးရန် အဆင်သင့်လည်း ဖြစ်နေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရွှမ်ပိုင် နောင်တရသွားမိ သည်။
ရဲရှောင်အကြောင်း ပြောလိုက်မိပြီး ပြဿနာကို မီး ခွက်ထွန်းရှာသလို ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။
ဟန်ပိုင်ယွဲ့၏ မျက်နှာမှာမူ အေးစက်စက် ဖြစ်နေ တုန်းပါပင်။
အရာအားလုံး ဖျက်ဆီးခြင်းမှာလည်း စတင်နေပြီ ဖြစ်၏။
အကယ်၍ သူသာ ထိုတိုက်ကွက်ကို အောင်မြင်စွာ လုပ်နိုင်သွားပါက သူကိုယ်တိုင်လည်း ပြန်လမ်းမဲ့သွား နိုင်သည်။
ထို့ပြင် ယခုနေရာရှိ ချီဓာတ်များကို ဟန်ပိုင်ယွဲ့မှ လွဲ၍ မည်သူမှ စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဖြစ်အောင် လုပ်လိုက်သည့် ဟန်ပိုင်ယွဲ့ပင် သူ၏ အသက်ကို စတေးရမည်သာ။
YOU ARE READING