Chapter (886) "ဂိုဏ်းအတွင်း ဆေးကြောခြင်း"

212 22 0
                                    

Chapter (886)(စာစဉ် ၆၄- အပိုင်း ၄)

“ဂိုဏ်းအတွင်း ဆေးကြောခြင်း”

အလုံခြုံဆုံးဟု သတ်မှတ်ထားသည့် ဂိုဏ်းထဲ၌ပင် မလုံခြုံနိုင်ပါ။

ထိုသို့ မလုံခြုံနိုင်သည့်အပြင် အရည်အချင်း ရှိလာ လေလေ ပစ်မှတ်ပိုဖြစ်လာနိုင်သည်။

“မင်းဂိုဏ်းထဲမှာသာ ဆက်နေနေရင် တစ်နေ့ကျ မင်းအသက်ရှင်နေတယ်ဆိုတာ သိကုန်လိမ့်မယ် . . .”

“ဒီမှာက မင်းရဲ့ မျက်နှာကို မှတ်မိနေတဲ့ လူတွေက အများကြီးပဲ ရှိနေတယ် . . .”

“နောက်ပြီး ငါတို့ ဂိုဏ်းထဲမှာရှိတဲ့ သူလျှိုတွေကို အချိန်တိုအတွင်း ရှင်းနိုင်ဦးမှာ မဟုတ်သေးဘူး . . .”

“အဲဒါကြောင့် ငါတို့ မင်းကို လုံခြုံအောင် ထားနိုင် မယ်လို့ မထင်ဘူး . . .”

“ဝုဟူရှန်က တစ်ကြိမ်တောင် လုပ်ပြီးပြီဆိုတော့ သေချာပေါက် နောက်တစ်ကြိမ်ထပ်လုပ်မှာပဲ၊ အဲဒီလို သာဆိုရင် အရင်အခေါက်ထက်ကို ပိုကြမ်းတမ်း ရက်စက်လာနိုင်တယ်၊ မင်းကို ပြာဖြစ်သွားအောင်ကို လုပ်ပစ်လာနိုင်တယ် . . .”

“အသက်ကိုးသက်ဆေးက မင်းကို အသက်ပြန်ရှင် နိုင်စေတယ် ဒါပေမယ့် အဲဒါကလည်း ထပ်ခါတလဲလဲ ဘယ်လုပ်ပေးနိုင်မလဲ . . .”

“အဲဒီတော့ မင်းဂိုဏ်းထဲမှာ နေတာက ပိုပြီး အန္တရာယ်များတယ်၊ မင်းသိုင်းလောကထဲကို ထွက်ခွာ သင့်နေပြီ၊ အဲဒါကမှ မင်းအတွက် ပိုပြီး လုံခြုံလိမ့်မယ် ကောင်လေး . . .”

ယန်ပိုင်လျူက ပြောလိုက်သည်။

“ငါတို့တွေ မင်းကို မထွက်သွားစေချင်သေးပေမယ့် ငါတို့မှာက ရွေးချယ်စရာ မရှိတော့ဘူး . . .”

“မင်းဘာသာမင်းပဲ အပြင်မှာ ကျင့်ကြံမှု လုပ်ပါ၊ အရေးကြီးဆုံး အချက်က ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ပါ . . .”

“မင်းက အခုမှ မူလအိပ်မက် အဆင့်နှစ်ကို ရောက် သေးတယ် ဆိုပေမယ့် ကမ္ဘာပေါ်က အင်အားစုတွေကို သွားမရှုပ်သရွေ့ မင်းလုံခြုံမှာပါ . . .”

လဲ့ဒါဒီက တပည့်ဖြစ်သူကို မှာကြားလိုက်ပြန် သည်။

ရဲရှောင်က အဘိုးကြီး သုံးဦး၏ ဆုံးမစကားများကို ခေါင်းငုံ့၍ အသေအချာ နာခံနေလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora