အခန်း (၉၈၆)"နိမိတ် စီရင်စု"

163 13 1
                                    

အခန်း (၉၈၆)(စာစဉ် ၇၁- အပိုင်း ၆)

“နိမိတ် စီရင်စု”

ဟန်ပိုင်ယွဲ့မှာ ထိုဝေဒနာကို တစ်ရက်သာလျှင် တောင့်ခံရန် လိုအပ်ကြောင်း သိနေသည်။

ထိုတစ်ရက် လွန်ပြီးနောက်တွင်မူ နာကျင်မှုများ ပျောက်ကွယ်သွားမည် ဖြစ်သည်။

သို့သော် ထိုနာကျင်မှုများမှာ သူ့ခန္ဓာကိုယ်၏ ကျုံ့ နိုင်၊ ဆန့်နိုင်စွမ်းကို များစွာ အထောက်အကူပြုပေးနိုင် သည်။

ထိုသို့ဆိုသော်ငြား နာကျင်မှု ဝေဒနာမှာမူ ဖော်ပြ ၍ မရအောင်ပင် မခံမရပ်နိုင် ဖြစ်လွန်းလှသည်။

ထို့ကြောင့် ရဲရှောင်အား အကူအညီတောင်းရန် လှမ်းကြည့်လိုက်သည်။

သို့သော် ရဲရှောင်မှာမူ မသိချင်ယောင်ဆောင်နေ သည်ကို တွေ့လိုက်ရသည်။

ရဲရှောင်၏ မျက်လုံးများကို ကြည့်ရုံဖြင့် အကူအညီ မရနိုင်မှန်းသိ၍ ထိုအတွေးကို စွန့်လွှတ်လိုက်၏။

ထိုသို့ နာကျင်မှု ဝေဒနာကို အံကြိတ် ခရီးနှင်လာ ရင်းဖြင့် နောက်ဆုံးတွင် မြောက်ပိုင်းရှိ နိမိတ်စီရင်စု ဟူသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ယခုရောက်ရှိသည့် မြို့မှာ ယခင်တွေ့ခဲ့ရသည့် မြို့ ထက် အဆပေါင်းများစွာ ကြွယ်ဝနေသည်။

သို့သော် ၎င်းတို့ သတိမပြုမိသည့် အရာတစ်ခု လည်း ရှိနေသည်။

ယခုအပိုင်းတွင် အစွမ်းထက် ပညာရှင်များ မရှိ သလောက်ကို နည်းပါးနေခြင်းပင်။

မြောက်ပိုင်းသို့ ပို၍ ဝင်လာလေလေ အစွမ်းထက် ပညာရှင်များ ပို၍ နည်းလေလေ ဖြစ်လာကြောင်းကို အာရုံခံမိလိုက်ကြသည်။

မြောက်ပိုင်း၏ အလယ်ပိုင်းသို့ သုံးပုံတစ်ပုံခန့် ဝင် လာပြီးချိန် သူတို့အာရုံခံမိသည့် အစွမ်းထက်ဆုံး ပညာ ရှင်မှာ မူလတာအိုအဆင့်ခြောက်ပင် မရှိတော့ချေ။

“ဒီနယ်မြေက ချင်းရန်နယ်ပယ်ရဲ့ အားအနည်းဆုံး နေရာပါလား . . .”

“ဒီမှာရှိတဲ့ လူတွေက သဘောကောင်းကြပေမယ့် အစွမ်းတော့ မထက်ကြဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now