အခန်း (၁၀၉၉)(စာစဉ် ၇၉- အပိုင်း ၇)
“နန်းတော်နှစ်ခုကြားက ပဋိပက္ခ”
(တိမ်မြူခိုး နန်းတော်က ဘယ်တုန်းကများ ဒီလို သဘောထားလိုက်တာလဲ . . .)
(မဟုတ်သေးပါဘူး ဒီအကြောင်းကို သူတို့ ဘယ် တုန်းကမှ မပြောဖူးဘဲနဲ့ ဒါကြီးကတော့ အံ့ဩစရာ မကောင်းလွန်းဘူးလား . . .)
(ဘာမဟုတ်တဲ့ ရဲမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို ဒီ လောက်တောင် ပစားပေးဖို့ လိုအပ်လို့လား၊ ခင်ဗျားတို့ ရူးသွားပြီလား . . .)
(နောက်ပြီး အရေးပါတဲ့ မဟာမိတ်ဆိုတာကရော ဘာကို ဆိုလိုတာလဲ၊ ရဲမျိုးနွယ်စုမှာ ဒီလိုအစွမ်းမျိုး ဘယ်တုန်းက ရှိသွားရတာလဲ . . .)
(ရဲနန်ရှန်လို အခုမှ ခေါင်းဆောင်ဖြစ်ကာစ လူက လည်း တိမ်မြူခိုးနန်းတော်ရဲ့ အရေးကြီး ဧည့်သည် တော် ဘယ်လို ဖြစ်သွားရတာလဲ . . .)
(ဒါကတော့ မယုံနိုင်စရာ ကောင်းသွားပြီ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ် . . .)
ချင်းဟွာနန်းတော်နှင့် အခြားမျိုးနွယ်စုမှ လူများ နားမလည်နိုင် ဖြစ်နေသလို ရဲမျိုးနွယ်မှ လူများလည်း နားမလည်နိုင် ဖြစ်နေကြသည်။
(ဘယ်လိုဖြစ်တာလဲဟ . . .)
(ဒါကတော့ မဟုတ်သေးဘူး ထင်တယ် ငါတို့တော့ တော်တော်ကို မြောက်သွားမိပြီ . . .)
တိမ်မြူခိုး နန်းတော်၏ နတ်သမီးလိဆိုသည်မှာ နိမိတ်စီရင်စုအတွင်းရှိ မျိုးနွယ်စုများအတွက်မူ အစိမ်း သက်သက်တော့ မဟုတ်ပေ။
သူမက ယခုဧရိယာကို နှစ်ပေါင်းများစွာ တာဝန် ယူ ကိုင်တွယ်ခဲ့သည့် လူပင် မဟုတ်ပါလား။
နတ်သမီးပီပီ မျိုးနွယ်စုများအပေါ်တွင် အမြဲတစေ အပေါ်စီးမှသာ ဆက်ဆံခဲ့သည်။
တစ်ခါတစ်ရံ မျိုးနွယ်စုတစ်စုက ကြာပန်းများ လုံ လောက်အောင် မပေးနိုင်လျှင် သူမ၏ နှုတ်မှ အမြဲလို လိုပင် ဆူပူကြိမ်းမောင်းတတ်သည်။
သူမအဖို့ နိမိတ်စီရင်စု အတွင်းရှိ လူများကို ကျွန် များ၊ အလုပ်သမားများအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
YOU ARE READING