Chapter (918)"မင်းက အသက်ရှင်နေသေးတယ်"

212 21 0
                                    

Chapter (918)(စာစဉ် ၆၆- အပိုင်း၈)

“မင်းက အသက်ရှင်နေသေးတယ်”

“ညောင် . . .”

အားဟူက အော်သံ တစ်ချက် ပြုလိုက်ရင်း ရဲရှောင်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

(ဘယ်လောက်ပဲ မှောင်မှောင် ဘာတွေပဲဖြစ်ဖြစ် ငါက အမြန်ဆုံး သွားလို့ရတယ် . . .)

(ငါမြန်မြန်သွားတော့ရော သူက ငါ့ကို လိုက်မီမှာ ကျနေတာပဲ . . .)

(အဲဒါများ အရှက်မရှိ ငါ့ကို လာတိုက်တွန်းနေသေး တယ် . . .)

ရဲရှောင်တို့မှာ အချိန်အတန်ကြာ အမှောင်ထဲတွင် သွားပြီးနောက် အလင်းရောင်ကို တွေ့လိုက်ရသည်။

မှိန်ပြပြ အလင်းရောင်လေးသာ ဖြစ်သော်လည်း အမှောင်ထုကြားတွင်မူ သိသာနေသည်။

ရဲရှောင် စိတ်အားတက်သွား၍ ထိုအလင်းရောင် ရှိရာထံ ခပ်သွက်သွက် သွားလိုက်သည်။

“ဒုန်း . . .”

ရဲရှောင် စိတ်လောနေ၍ ကျောက်စက် ပန်းဆွဲ တစ်ခုကို ခေါင်းဖြင့် ဝင်တိုက်မိသွားသည်။

ထိုအခါ သူ့ခေါင်းထက်သို့ နေရောင်များပင် ဖြာကျ လာသည်။

တစ်ချိန်တည်းမှာလည်း အေးစက်မှုကို ခံစားလိုက် ရသည်။

အေးစက်မှုကြောင့် သက်ရောက်မှု မရှိသည့်တိုင် နေရောင်ကမူ သူ့မျက်လုံးများ ကျိန်းစပ်သွားစေသည်။

ထို့ကြောင့် မျက်လုံးများကို ချက်ချင်းမှိတ်လိုက်ပြီး အလင်းထဲ အသားကျပြီဆိုမှသာ ဖြည်းဖြည်းချင်း ပြန် ဖွင့်ကြည့်လိုက်သည်။

ထိုအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩ တုန်လှုပ်သွားတော့သည်။

သူမြင်လိုက်ရသည်က နှင်းများဖြင့် ပြည့်နေသော မြင်ကွင်းပါပင်။

ထိုနှင်းများကြောင့် အေးစက်မှုကလည်း နေရာ အနှံ့တွင် လွှမ်းခြုံထားသည်။

စင်စစ် ရေခဲများ၊ နှင်းများဖြင့် ပြည့်နေသော တောင်ကြား တစ်ခုသို့ ရောက်သွားခြင်းပင်။

ထိုနေရာတွင် ရေခဲများ၊ နှင်းများမှလွဲ၍ အခြား မည်သည့်အရာများ ဘာဆိုဘာမှ မရှိပါ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now