Chapter (902)"ထိုအချက်ကြောင့်ပင်"

201 17 0
                                    

Chapter (902)(စာစဉ် ၆၅- အပိုင်း၆)

“ထိုအချက်ကြောင့်ပင်”

ယခင်က အကြောင်းအရာများကို အသေးစိတ် ပြန်မှတ်မိနိုင်ရန် ရဲရှောင် စဉ်းစားနေမိသည်။

ထို့ကြောင့် လိဝူလျန်၏ နာမည်ကို တလေးတစား ခေါ်ရန် သူမေ့လျော့သွားခဲ့သည်။

ပုံမှန်အတိုင်းပင် ခေါ်လိုက်မိခြင်း ဖြစ်သည်။

ယခင်ဘဝက ထိုသို့ပင် သူငယ်ချင်းပေါင်း  ပေါင်းခဲ့ သည် မဟုတ်ပါလား။

ရဲရှောင် စိတ်ထဲ တွေးရင်း ဝမ်းနည်းသွားမိသည်။

ယခင်ဘဝက သူတို့နှစ်ဦး စနောက်ရင်း တိုက်ခိုက် ရင်းဖြင့် ဘဝက ပျော်ရွှင်မှုအတိ ဖုံးလွှမ်းခဲ့သည်။

သူတစ်ခုခု လုပ်သည့်အခါတိုင်းလည်း လိဝူလျန်က သူ့ကို ပြန်အော်ဟစ်တတ်သေးသည်။

တကယ်တမ်းတွင် လိဝူလျန်က ပိုပြီး နှုတ်ကြမ်း သည်ဟု ဆိုရမည်။

ထိုသို့ နှစ်ယောက်သား အပြိုင်အဆိုင် အော်ဖူးခဲ့ သည်များကို အိပ်မက်ထဲထိ သူစွဲမက်တတ်သည်။

မည်မျှထိ လိဝူလျန်ကို သူသတိရ လွမ်းဆွတ်နေရ ပါသနည်း။

ရှန်ဂွမ်ဇုဖန်အဖို့လည်း မရဏဓားက စကားပြော၍ အကောင်းဆုံး မိတ်ဆွေတစ်ယောက်လည်း ဖြစ်သည်။

ထိုသို့ ပြောမနာဆိုမနာ မိတ်ဆွေများကြားတွင် ရန်ငြိုးဆိုသောအရာက မည်သည့်အခါမှ ရှိနိုင်မည် မဟုတ်ပါ။

ယခုအခါ ရဲရှောင်က လိဝူလျန်၏ နာမည်ကို ပုံမှန် အတိုင်းခေါ်လိုက်၍ ထူးခြားနေသည်။

ထိုစဉ် ရဲရှောင်ကို ကြည့်နေသည့် ရှန်ဂွမ်ဇုဖန်၏ မျက်လုံးများထဲတွင် လေးစားသည့် အရိပ်အယောင် များ ထင်ဟပ်နေသည်။

သေဆုံးသွားသော လိဝူလျန်က သူအခင်မင်ဆုံးနှင့် အလေးစားရဆုံး မိတ်ဆွေတစ်ဦးပင်။

ယခုအခါ လူငယ်လေးက လိဝူလျန်၏ နာမည်ကို ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးပင် ခေါ်လိုက်သည်။

ထိုလူငယ်လေး၏ သရုပ်မှန်ကိုလည်း သူမသိ။

ထို့ပြင် သူ့အမြင်တွင် ငယ်ရွယ်လွန်းနေသေးသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now