အခန်း (၉၈၁)"ရင်းနှီးနေသည့် ကိုယ်သင်းရနံ့"

168 12 1
                                    

အခန်း (၉၈၁)(စာစဉ် ၇၁- အပိုင်း၁)

“ရင်းနှီးနေသည့် ကိုယ်သင်းရနံ့”

ရွှမ်ပိုင်မှ ပြုံးရုံသာ ပြုံးလိုက်ပြီး -

“ကောင်းပြီလေ . . .”

“ဒါက ရှင်တို့ရဲ့ လျှို့ဝှက်ချက် ဆိုတော့လည်း ကျွန်မ အတင်းမမေးတော့ပါဘူး . . .”

သို့သော် ထိုသို့ ပြောလိုက်ရသော်လည်း စိတ်ထဲ၌ မူ မကျေမချမ်း ဖြစ်နေမိသည်။

(အဟမ့် . . .)

(လျှို့ဝှက်ချက် ဟုတ်လား . . .)

(လျှို့ဝှက်ချက်တွေ ဘာတွေနဲ့ စကားကြီး စကား ကျယ်တွေ ပြောနေတာ အနှေးနဲ့အမြန်ဆိုသလို ငါသိ ရမှာပဲဟာကို . . .)

ထို့ကြောင့် ရွှမ်ပိုင်လည်း ဆက်မစဉ်းစားတော့ဘဲ ခေါင်းထဲမှ မြန်မြန် ထုတ်ပစ်လိုက်သည်။

ထိုစဉ် ရဲရှောင်မှ မဲလုံးကို အသံပေး၍ ခေါ်လိုက် သည်။

မဲလုံးမှာလည်း သခင်ဖြစ်သူ အသံကို ကြားသည် နှင့် ချက်ချင်းပင် ပြေးလာတော့သည်။

“ခွပ် ခွပ် ခွပ် . . .”
. . .

လမ်းမထက်တွင် လူသုံးဦးနှင့် မြင်းတစ်ကောင်မှာ အတူတကွ ခရီးနှင်လျက် ရှိသည်။

မြင်းပေါ်တွင် ရဲရှောင်သာ လိုက်ပါစီးနင်းပြီး ကျန် နှစ်ဦးမှာမူ ခြေကျင်သာ လိုက်ပါနေသည်။

ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့မှာ မြင်းအားကိုးဖြင့် ခရီးနှင် စရာမလိုသည့် ထိပ်သီးပညာရှင်ကြီးများပင် မဟုတ်ပါ လား။

ဟန်ပိုင်ယွဲ့မှာ ရှေ့ဆုံးမှ ဦးဆောင်၍ သွားနေပြီး ရွှမ်ပိုင်မှာမူ မဲလုံးနှင့် ဘေးချင်းကပ် လိုက်ပါလာသည်။

ထိုမြင်ကွင်းက လူကုံထံ အသိုင်းအဝိုင်းမှ သခင် လေး တစ်ပါးနှင့် အစေခံ မိန်းကလေးတို့ အတူ ခရီးနှင် နေသည့် ပုံနှင့်ပင် တူနေပါသေးသည်။

ထိုသို့ ခရီးနှင်လာရင်းဖြင့် နောက်ဆုံးတွင် မြို့ငယ် လေးသို့ ရောက်ရှိလာသည်။

ထိုအခါမှသာ သုံးယောက်သား အနားယူရင်းဖြင့် အစားသောက်များ မှာစားကြတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora