1101-----1102

191 19 0
                                    

အခန်း (၁၁၀၁)(စာစဉ် ၇၉- အပိုင်း ၉)

“နတ်သမီးချန်၏ မကျေနပ်မှု”

ရဲရှောင်လည်း ပြုံးလျက်‌ ရှေ့သို့ ထွက်လိုက်သည်။

သူ့အဖို့ ရွေးချယ်စရာ မရှိတော့ပြီ မဟုတ်ပါလား။

“အင်း ခင်ဗျားတို့ ရောက်လာတာ ကျုပ်အတွက် ဂုဏ်ယူစရာပဲ အစ်ကိုကြီးတို့၊ ဒီနေရာကြီး တစ်ခုလုံး လည်း ဂုဏ်ကျက်သရေတွေနဲ့ ပြည့်နှက်သွားသလိုပဲ အဟမ်း . . .”

“ဒါနဲ့ မတွေ့ရတာတောင် ကြာပြီနော် အစ်ကိုဇန် ခင်ဗျားက ချောမောခန့်ညားတုန်းပဲနော် အစ်ကိုဇုက လည်း တကယ်ကို ကြည့်လို့ကောင်းနေတာပဲ . . .”

လူများ၏ နှုတ်မှ အာမေဋိတ်သံများ ထပ်မံ ထွက်‌ ပေါ်သွားပြန်သည်။

(ဘယ်လိုဖြစ်ရပြန်တာလဲ . . .)

(ရဲမျိုးနွယ်စုက သူ့ပြိုင်ဘက်တွေ အားလုံးကို တစ် ရက်တည်းနဲ့ အပြတ်ရှင်းခဲ့တဲ့လူ၊ သူ့အဖေကို မျိုးနွယ် စု ခေါင်းဆောင်နေရာ ပေးခဲ့တဲ့လူ၊ နောက်ပြီး စင်ပေါ် မှာ ပြိုင်ဘက်တွေ အားလုံးကို အလဲထိုးခဲ့တဲ့ လူငယ် လေးက ရေခဲလနန်းတော်ရဲ့ ဂိုဏ်းသား တစ်ယောက် လား . . .)

(နောက်ပြီး သူက ဇန်ယွန်ဖေ့နဲ့ ဇုဂျူရှန်တို့ရဲ့ ဆရာလေးပေါ့ . . .)

ထိုသို့ဖြင့် လူတိုင်းမှာ အတွေးကိုယ်စီတွေးရင်းဖြင့် ယောက်ယက်ခတ်ကုန်ကြသည်။

(ဒါကြီးကတော့ မဟုတ်သေးဘူး . . .)

(လုံးဝကို မဖြစ်နိုင်တဲ့အရာ ဘယ်လိုမှကို ယုတ္တိမရှိ ဘူး၊ သူ့အသက်ကဖြင့် ဘယ်လောက် ရှိသေးလို့လဲ၊ အသက် ၂၀ တောင် မပြည့်လောက်သေးဘူး . . .)

အရေးကြီးဆုံး အချက်မှာ လူတိုင်းက ရဲရှောင်အား အဖေဖြစ်သူနှင့်အတူ မော်တယ်ကမ္ဘာ၌ မွေးကတည်း က အတူနေထိုင်ခဲ့ကြောင်းကိုသာ သိထားကြသည်။

ထို့ပြင် အဆင့်နိမ့်နယ်ပယ်တွင် နေခဲ့ရသူပီပီ သူ၏ ကျင့်ကြံမှု အခြေခံကလည်း အဆင့်နိမ့်နယ်ပယ်၌သာ အခြေတည်ခဲ့ရသည်ဟု ဆိုနိုင်သည်။

ထိုအဆင့်နိမ့် နယ်ပယ်တွင် နေခဲ့ရသော သားဖနှစ် ဦးမှာ ချင်းရန်နယ်ပယ်သို့ ပြန်ရောက်သည်မှာ ရှေ့ဆင့် နောက်ဆင့်ပင် ဖြစ်နေပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now