အခန်း (၉၉၆)(စာစဉ် ၇၂- အပိုင်း ၂)
“သတ်လိုက်”
ဟန်ပိုင်ယွဲ့မှာ ရွှမ်ပိုင်၏ စိတ်ကို မသိသော်လည်း ရဲရှောင်၏ စိတ်ကိုမူ သိနေသည်။
ထို့ပြင် ဆောင်မျိုးနွယ်မှ လူများ၏စိတ်ကို ရှင်းရှင်း လင်းလင်း တွေ့လိုက်ရ၍ အပိုစကားများ ထပ်ပြောရန် စိတ်မရှည်တော့ချေ။
ထို့ကြောင့် သူ့အား မည်သူကမှ တားဆီးနိုင်တော့ မည် မဟုတ်ပေ။
အကယ်၍ တားဆီးမည့် လူများ ရှိလာပါကလည်း သူ့အဖို့ အပြတ်ရှင်းပစ်မည်သာ။
ဟန်ပိုင်ယွဲ့အား ကြည့်ရင်း ဆောင်ဝုရန်ဘက်မှ လူများသာမက အခြားဘက်မှ လူများပါ အံ့ဩတုန် လှုပ်နေကြသည်။
၎င်းတို့ ရောက်ရောက်ချင်းတွင် သွေးပျက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းနှင့် ကြုံကြိုက်လိုက်ရသည်။
ထို့ပြင် ထိုသို့ ဖြစ်အောင် ဆောင်ဖေ့ဘက်မှ စတင် ရန်စခြင်းသာ ဖြစ်မည်ဟုလည်း တွေးထင်ခဲ့ကြသည်။
သို့သော် အပြင်ဘက်မှ လာသော လူသုံးဦးမှာ ထို သို့ သတ်ဖြတ်ပြီးသည့်တိုင် ယခုနေရာမှ တစ်ဖဝါးမှ မ ခွာသေးချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ယုံကြည်ချက် ရှိ နေ၍သာ ဖြစ်ရမည်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ၎င်းတို့ မည်သို့ ခန့်မှန်းခဲ့ကြပါစေ သူတို့ ရှေ့ရှိ လူမှာ ဟန်ပိုင်ယွဲ့ ဖြစ်နေမည်ကိုမူ ဘယ်သောခါ မှ မထင်ခဲ့ကြပေ။
ဟန်ပိုင်ယွဲ့ ဆိုသူမှာ မည်သူနည်း။
ချင်းရန်နယ်ပယ်ကြီးတွင် နာမည်ကျော်ကြား ထင် ရှားသည့် လူတစ်ဦးပင် ဖြစ်၏။
ထိုသို့သော လူမျိုးကို ဆောင်မျိုးနွယ်စုအနေဖြင့် ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် လက်ရှိတွင်မူ ၎င်းတို့မှာ ထိုသို့သော လူ မျိုးနှင့်မှ သွားပတ်သက်မိနှင့်ချေပြီ။
ဆောင်မျိုးနွယ်စုအဖို့ ကြမ္မာဆိုး ဝင်ပြီဟု ဆိုရပေ မည်။
ထို့ကြောင့် အုပ်စုနှစ်စုလုံး၏ စိတ်ထဲ၌ တူညီသည့် အတွေးတစ်ခုသာ ရှိတော့သည်။
YOU ARE READING