အခန်း (၉၆၇)"အချစ်ရေးကံကောင်းသူ"

179 18 0
                                    

အခန်း (၉၆၇)(စာစဉ် ၇၀- အပိုင်း၁)

“အချစ်ရေးကံကောင်းသူ”

ရွှမ်ပိုင်မှ ရဲရှောင်အား နားမလည်ဟန်ဖြင့် ကြည့် လိုက်ရင်း -

“မင်းအလှည့်စား ခံနေရတယ်လို့ ငါကတော့ ထင် တယ်၊ အဲဒါတောင် မင်းက သူ့ကို ဘာလို့ ကာပြောပေး နေရတာလဲ . . .”

“မင်းက ဒီကမ္ဘာကို အခုမှ ရောက်တာလေ၊ ဒီကိုရောက်ကတည်းက မင်းသူနဲ့ ဆုံခဲ့မယ် ဆိုရင် တောင် နှစ်ဝက်ထက် မပိုသေးဘူး . . .”

“အဲဒါကို ဘယ်လိုဖြစ်လို့ သူနဲ့က သွေးသောက်ညီ အစ်ကို ဖြစ်သွားရတာလဲ . . .”

“မင်းစိတ်ကို သူက လှည့်စားနိုင်မယ့် နည်းလမ်း တစ်ခုခုများ သုံးခဲ့လို့လားဆိုတာ ငါသေချာသိအောင် အဖြေထုတ်မှ ဖြစ်မယ် . . .”

ပြောပြောဆိုဆိုဖြင့် ရွှမ်ပိုင်မှာ ဟန်ပိုင်ယွဲ့ ရှိရာထံ သွားရန် ပြင်လိုက်ပြန်သည်။

ရဲရှောင်မှလည်း အလျင်အမြန်ပင် ဟန့်တားလိုက် ရင်း -

“မိန်းကလေးရွှမ် . . .”

“မင်းက ကျုပ်အပေါ် ကောင်းတယ်ဆိုတာ ကျုပ် သိပါတယ် ဒါပေမယ့် ကျုပ်တို့က တကယ်အဆင်ပြေ ပါတယ် . . .”

“တစ်ခါတစ်လေမှာ လူတစ်ယောက်နဲ့ တစ်ဘဝ လုံး နေရပေမယ့် အဲဒီလူက ကိုယ့်အတွက် သူစိမ်းတွေ လောက်တောင် ကောင်းချင်မှ ကောင်းမယ် . . .”

“ဒါပေမယ့် တွေ့တာ မကြာသေးပေမယ့် ကိုယ့် အပေါ် အရာအားလုံးထက် ကောင်းတဲ့ လူတွေလည်း ရှိနိုင်တာပဲလေ . . .”

“ကျုပ်တို့က အဲဒီလိုပဲ ဘာပဲပြောပြော ကျုပ်တို့က ညီအစ်ကိုတွေ ဖြစ်သွားကြပြီ . . .”

ရဲရှောင်၏ စကားကြောင့် ရွှမ်ပိုင်မှ အံ့ဩသွားဟန် ဖြင့် -

“မင်းပြောတာ တကယ်ပဲလား . . .”

“အသေအချာလေးလည်း စဉ်းစားကြည့်ပါဦး ငါ မရှိတဲ့ အချိန်မျိုးမှာ မင်းကို သူက နာကျင်အောင် လုပ် ရင် ဘယ်လိုလုပ်မလဲ . . .”

“အဲဒီလိုသာဆို မင်းက သူ့ကို ပြန်တိုက်ခိုက်နိုင်ဖို့ အားနည်းနေသေးတယ်၊ သူက မင်းကို အလွယ်လေးနဲ့ သတ်သွားနိုင်တယ်နော် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now