1097----1098

178 17 1
                                    

အခန်း (၁၀၉၇)(စာစဉ် ၇၉- အပိုင်း ၅)

“ပဋိပက္ခ”

ချင်းဟွာနန်းတော်မှ လူများမှာ မည်သည့်စကားမှ မပြောဘဲ စင်မြင့်ထက်သို့သာ တိုက်ရိုက်လျှောက်သွား လေသည်။

ရဲနန်ရှန်မှာ ထိုမြင်ကွင်းအား ကြည့်ရင်း ချက်ချင်း ပင် မတ်တပ်ထရပ်လိုက်သည်။

ရဲရှောင်မှာမူ စင်မြင့်ပေါ်၌ အေးစက်သည့်မျက်လုံး များဖြင့် စိုက်ကြည့်လျက် ရှိသည်။

ထို့နောက် အဖေဖြစ်သူဘက်သို့ ပြုံးလျက် လှည့် ကြည့်လိုက်ပြီး လက်ကာပြလိုက်ကာ -

“ကျွန်တော်ပဲ ရင်ဆိုင်လိုက်ပါ့မယ် . . .”

ရဲနန်ရှန် အသက်ပြင်းပြင်း ရှူလိုက်ရင်း သက်ပြင်း ချလိုက်မိသည်။

သူ့အဖို့ စိုးရိမ်နေမိသည့်တိုင် သားဖြစ်သူ၏ ဆုံး ဖြတ်ချက်ကိုလည်း မဟန့်တားလို၊ စိတ်ထဲ၌ သားဖြစ် သူကို အပြည့်အဝ ယုံကြည်နေမိသည်။

ထို့ကြောင့် သူ့စိတ်ကိုသာ ပြန်ထိန်းချုပ်၍ နေနေ လိုက်သည်။

ရဲရှောင်၏ နှုတ်မှ ဖြေရှင်းမည်ဟု ပြောလာလျှင် သေချာပေါက်ပင် ဖြေရှင်းနိုင်ပေလိမ့်မည်။

ထိုစဉ် ရှေ့ဆုံးမှ ဦးဆောင်လာသည့် အမျိုးသမီးမှာ ဖြည်းညှင်းစွာဖြင့် ပျံသန်းလာပြီး စက္ကန့်ပိုင်းအတွင်းမှာ ပင် စင်ပေါ်သို့ ရောက်ရှိလာသည်။

ထိုအမျိုးသမီးက ရဲရှောင်ကိုပင် ဂရုမစိုက်၊ လျစ် လျူရှုထားပြီး ရဲနန်ရှန်ကိုသာ အေးစက်စက်အသံဖြင့်-

“ရဲနန်ရှန် ဒါမင်းရဲ့သားလား . . .”

ရဲနန်ရှန်က လေသံ ခပ်အေးအေးဖြင့် -

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ . . .”

“သူက ကျုပ်ရဲ့သား မဟုတ်လို့ ခင်ဗျားရဲ့သား ဖြစ် ရမှာလား . . .”

ထိုအချိန် လူတစ်ဦးမှာ ရုတ်တရက် ကျယ်လောင် စွာပင် ရယ်မောလိုက်သည်။

“ဟား ဟား ဟား . . .”

ထိုသို့ ရယ်မောလိုက်သူမှာ အခြားသူ မဟုတ်၊ ဟန်ပိုင်ယွဲ့ပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now