Chapter (939)"အရိပ်မဲ့"

182 22 0
                                    

Chapter (939)(စာစဉ် ၆၈- အပိုင်း၁)

“အရိပ်မဲ့”

“မင်း ဆိုလိုချင်တာက ငါအောက်မှာ စုပ်ယူခဲ့တဲ့ စွမ်းအင်တွေကြောင့် ငါ့ရဲ့ ကျင့်ကြံမှုတွေက အခုလို တဟုန်ထိုး တိုးတက်သွားတာလား . . .”

“ညောင် . . .”

“လိဝူလျန်ရဲ့ ခန္ဓာကိုယ်ထဲက မင်းစုပ်ယူခဲ့တဲ့ တစ္ဆေမှိုရဲ့ စွမ်းအင်တွေကရော ဟင်းလင်းပြင်ထဲမှာပဲ သန့်စင်သွားတာလား . . .”

“ညောင် . . .”

“ငါ လင်းယုန်ကြီး လက်ကနေ လွတ်အောင် ထွက်ပြေးခဲ့တုန်းက ငါ့အသက်စွမ်းအင်တွေကိုပါ သုံး ပြီး ပိုမြန်အောင် လုပ်ခဲ့တယ် . . .”

“အဲဒီလို လုပ်ခဲ့တဲ့အတွက် ငါထိန်းချုပ်ထားတဲ့ စွမ်းအင်တွေက လည်ပတ်စီးဆင်းသွားတာလား . . .”

“ညောင် . . .”

“ကောင်းပြီ . . .”

“တစ္ဆေမှိုက လိဝူလျန်ကို ၁၀နှစ်အတွင်း ပြိုင်ဘက် ကင်း ဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ငါ့ကိုဆိုရင် ရော ဘယ်လိုဖြစ်သွားမှာလဲ . . .”

“ညောင် . . .”

“ရှေးဦး ခရမ်းရောင် ချီဓာတ်ကလည်း အဆင့် တက်ဖို့ အတွက် လိုအပ်တယ် . . .”
“ဒီနည်းကလည်း ကောင်းတာပါပဲ . . .”

. . .

ရဲရှောင်က သိချင်သမျှကို အားဟူအား မေးမြန်း ခဲ့သည်။

အားဟူကလည်း အစပိုင်းတွင် တက်ကြွမှုအပြည့် ဖြင့် ပြန်ဖြေပေးခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ရဲရှောင်မှ တရစပ်ပင် မေးလာ၍ အားဟူ စိတ်ဓာတ်ကျလာမိသည်။

(မဟုတ်သေးပါဘူး . . .)

(ငါဖြေပေးတဲ့ အဖြေတွေက တိတိကျကျပဲလေ)

(အဲဒါတောင် ဘာလို့ ထပ်ထပ်ပြီး မေးနေတာလဲ)

(အဲဒီလောက်ထိ လိုအပ်လို့လား . . .)

မေးခွန်းများစွာ မေးပြီးနောက်တွင်မူ ရဲရှောင် သဘောပေါက်သွားခဲ့သည်။

လင်းယုန်ကြီး သူ့အား လိုက်ဖမ်းစဉ် စွမ်းအင်များ ကို သုံး၍ ပြေးနိုင်သမျှနှုန်းဖြင့် ထွက်ပြေးခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now