Chapter (898)(စာစဉ် ၆၅ - အပိုင်း၂)
“ရန်သူတွေ ဘယ်လောက်များသလဲ”
ရဲရှောင် ထိုသို့ ပြောချိန် အားလုံး နှုတ်ဆိတ်သွား သည်။
မည်သူမှ သူ့ကို မေးခွန်း မထုတ်ဝံ့ကြတော့ပါ။
ရဲရှောင် ပြောသည့် အကြောင်းအရာများကို သူတို့ ကိုယ်တိုင်လည်း သိကြသည်။
သို့သော် ထိုသို့ အဖြေရှာနိုင်ရန်မူ အချိန်များစွာ ပေးခဲ့ရသည်။
သိလာသည့် အခါတွင်လည်း လျှို့ဝှက်ထားခဲ့ကြ သည်။
လာကုသပေးခဲ့သည့် ဆေးပညာရှင် များကလည်း တိတိကျကျ သိဖို့မဆိုနှင့်။
မရေမရာဖြင့်ပင် အဆုံးသတ်သွားခဲ့ရသည်။
သို့သော် ရဲရှောင်မှာမူ သခင်လေး၏ လက်ကောက် ဝတ်ကို ကိုင်ရုံဖြင့် အခြေအနေများကို သိသွားခဲ့သည်။
ထိုအခြေအနေတွင် မည်သူကများ သူ့ကို အထင် သေးဝံ့ပါတော့မည်နည်း။
ခဏအကြာတွင် ရဲရှောင်က ရှန်ဂွမ်တိုင်၏ ခန္ဓာ ကိုယ်အတွင်း စိတ်ဝိညာဉ်ချီဓာတ် အနည်းငယ်ကို စီးဆင်း စေလိုက်သည်။
ထို့နောက် မျက်လုံးများ မှိတ်လိုက်ပြန်ရင်း -
“သွေးကြောဖျက် လက်သီးက သခင်လေးကို တော်တော် ထိခိုက်စေခဲ့တယ် . . .”
“အထူးသဖြင့် အားနည်းနေတဲ့ အချိန်မှာပေါ့၊ အဲဒါကြောင့်ပဲ ကျုပ်က လက်သီးနဲ့ တိုက်ခိုက်တဲ့ လူက ပိုပြီး အားနည်းမယ် ဆိုတာကို သိခဲ့တာ . . .”
“သွေးကြောပိတ် လက်ချောင်း . . .”
“သခင်လေးက သွေးကြောပိတ် လက်ချောင်းနဲ့ တစ်ခါ ထိထားတယ် . . .”
“ဒါပေမယ့် ကျန်တဲ့ တိုက်ခိုက်မှု နှစ်ခုထက်ကို ပိုပြီး ပြင်းထန်သွားတယ် . . .”
“အဲဒီ တိုက်ခိုက်မှု ပြီးတာနဲ့ တိုက်ပွဲလည်း ပြီးသွား ပုံရတယ် . . .”
“ဒီတိုက်ကွက်ကို လုပ်သွားတဲ့ လူက သုံးယောက် ထဲမှာ အစွမ်းထက်ဆုံး ဖြစ်ရမယ် . . .”
“သခင်လေးရဲ့ ကိုယ်တွင်း အင်္ဂါတွေ အားလုံးက ထိခိုက်ပျက်စီးနေပြီ၊ သူရဲ့ သွေးကြောတွေ အားလုံး ကလည်း ပျက်စီးနေပြီ . . .”
YOU ARE READING