Chapter (917)(စာစဉ် ၆၆- အပိုင်း၇)
“လိဝူလျန် ဘယ်မှာလဲ”
ရဲရှောင်က ကျောက်တိုင်ကြီး ရှေ့တွင် အချိန်တန် ကြာ မတ်တပ် ရပ်နေသည်။
ထို့နောက် ဦးညွှတ်၍ အရိုအသေ ပြုလိုက်ပါတော့ သည်။
. . .ကိစ္စများ အားလုံးပြီးနောက် အစတည်းက သိချင် နေသည့် မေးခွန်းတစ်ခုကို သူစဉ်းစားနေမိသည်။
လိဝူလျန်က ဘယ်ရောက်နေပါသနည်း။
သူ၏ မရဏဓားမှာရော ဘယ်နေရာမှာနည်း။
ယခုနေရာတွင် သေဆုံးသွားကြသည့် သူရဲကောင်း များ၏ လက်နက်များ ပျောက်ကွယ်သွားခြင်းက ကျိုး ကြောင်းဆီလျော်မှု ရှိသည်။
သံလိုက်ကဲ့သို့ တောင်ကြီးမှ လက်နက်များကို ဆွဲငင်ကာ ယူဆောင်သွားသည် မဟုတ်ပါလား။
သို့သော် လိဝူလျန်မှာမူ လွန်ခဲ့သော ၂နှစ်ခန့်ကမှ ယခုနေရာသို့ ပြုတ်ကျလာခြင်း ဖြစ်သည်။
ထို့ကြောင့် အလောင်းက ပုပ်သိုးကောင်း ပုပ်သိုး သွားနိုင်သော်လည်း လက်နက်မှာမူ ရှိနေရမည်။
ထိုသို့ဆိုလျှင် ရဲရှောင် ရှာမတွေ့ရခြင်းက အဘယ့် ကြောင့်ပါနည်း။
အလောင်းရော လက်နက်ပါ ပျောက်ကွယ်နေခြင်း က ထူးဆန်းနေသည် မဟုတ်ပါလား။
ထို့ပြင် အရိုးစုများထံမှ စွမ်းအင်များ ထွက်လာချိန် ထိုအရိုးစုများက ချက်ချင်းပင် ပြာအဖြစ် ပြောင်းကုန် သည်။
ထိုသို့ဆိုပါက နောက်ထပ် မေးခွန်းတစ်ခုက ရှိလာ ပြန်သည်။
လိဝူလျန်သာဆိုလျှင် စွမ်းအင်များကို ထိုသို့ ချန်ထားရစ်လိမ့်မည် မဟုတ်ပါ။
ထို့ပြင် လွန်ခဲ့သော ၂နှစ်ခန့်ကမှ သေဆုံးသွားခဲ့ သော ထိပ်တန်းပညာရှင်ပီပီ သူ၏ ခန္ဓာကိုယ်ကလည်း လွယ်လွယ်နှင့်တော့ မပုပ်သိုးနိုင်။
ယခုနေရာတွင် ရှိနေရဦးမည်သာ။
သို့သော် ရဲရှောင် ထပ်မံ ရှာဖွေသည့်တိုင် ပတ်ပတ် လည်တွင် မြူခိုးများလွဲ၍ ကျန်အရာများ ရှိမနေပေ။
KAMU SEDANG MEMBACA