Chapter (900)"ချက်ချင်းအကျိုးသက်ရောက်ခြင်း"

213 18 0
                                    

Chapter (900)(စာစဉ် ၆၅- အပိုင်း ၄)

“ချက်ချင်းအကျိုးသက်ရောက်ခြင်း”

ထိုအချိန် ရှန်ဂွမ်ဇုဖန်မှ ရဲရှောင်ကို စိတ်စွမ်းအင်မှ တစ်ဆင့် -

“ညီလေးရဲ . . .”

“ငါမင်းကို မေးပါရစေဦး . . .”

“ရှောင်ဧကရာဇ်တို့ ဂိုဏ်းချုပ်ကျွင့်တို့ကို မင်းက မင်းသိနေတာလား . . .”

ရဲဂျွန်ဆိုသည့် နာမည်ကြောင့် ရဲရှောင်တို့ကို သတိ ရသွားဟန်ပင်။

ထိုလူနှစ်ဦးကို သူမမြင်ဖူးသည့်တိုင် လိဝူလျန်နှင့် တော့ အလွန်ရင်းနှီးသူများပင် မဟုတ်ပါလား။

ရဲရှောင်က‌ လေသံခပ်အေးအေးဖြင့် -

“ပြောရမယ်ဆိုရင်တော့ . . .”

“မိတ်ဟောင်း ဆွေဟောင်းတွေပေါ့ . . .”

“ငါသိပါပြီ . . .”

ရှန်ဂွမ်ဇုဖန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက် သည်။

“ဒီကညီလေး ရဲဂျွန်က . . .”

“ဂိုဏ်းချုပ်ကျွင့်တို့ ရှောင်ဧကရာဇ်တို့နဲ့ နီးစပ်တဲ့ လူထင်တယ် . . .”

“စကားပြောနေတာတွေ တော်လောက်ပြီ . . .”

“ခပ်မြန်မြန်ပဲ စကြတာပေါ့ . . .”

“ပထမဆုံး အနေနဲ့ သူ့ကို မကုခင် သူစားသမျှ အရာ အားလုံးကို ကျုပ် စစ်ဆေးဖို့ လိုတယ် . . .”

“ဒုတိယအချက် ကျုပ်ပေးမယ့် ဆေးပစ္စည်းတွေ အားလုံးကို ခင်ဗျားတို့ ရအောင် ရှာပေးကြရမယ် . . .”

ရဲရှောင် အမိန့်လေးငါးခုကို ဆက်တိုက် ပေးလိုက် သည်။

ရှန်ဂွမ်ဇုဖန်ကလည်း တွေဝေခြင်း အလျဉ်းမရှိ၊ ချက်ချင်းပင် ကတိပေးလိုက်သည်။

ရှိနေသော လူများအားလုံး အံ့ဩကုန်သည်။

ခေါင်းဆောင်ဖြစ်သူက လွယ်လွယ်ပင် ကတိပေး လိုက်သည် မဟုတ်ပါလား။

ကံကောင်းသည့် အချက်က ရဲရှောင် တောင်းသည့် ဆေးပစ္စည်းများက သာမန် ပစ္စည်းများသာ  ဖြစ်နေ သည်။

ထို့ကြောင့် ၎င်းတို့အဖို့က ရှာဖွေရန် အချိန်များစွာ ပေးရန်မလို။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားTempat cerita menjadi hidup. Temukan sekarang