အခန်း (၁၀၈၁)(စာစဉ် ၇၈- အပိုင်း ၃)
“အရှိန်အဝါ ကြီးမားခြင်း”
အဘိုးကြီး ရဲရှုချင်မှာ သက်ပြင်းချလိုက်ပြီး မျက် လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
ဤသည်မှာ သူ၏ မျိုးနွယ်စုပင် ဖြစ်၏။
သို့သော် ထိုမျိုးနွယ်စုဝင်များကပင် သူ့အား တွန်း အား ပေးနေကြချေပြီ။
မြေးဖြစ်သူ ပြန်ရောက်သည်က တစ်ညသာရှိသေး သော်လည်း ပစ်မှတ်ထားလာကြပြီ မဟုတ်ပါလား။
(သူက ဘာမှ မသင်ထားဘူး ဆိုရင်တောင် ငါတို့နဲ့ တစ်နည်းမဟုတ် တစ်နည်း ပူးပေါင်းရမှာပဲလေ . . .)
(ဒီလိုမှမဟုတ်ရင် သူ့ဆီကဘာအကူအညီမှ မရဘဲ သူ့ကို အလကား တင်ကျွေးထားရမှာလား . . .)
(နောက်ဆုံး တင်ကျွေးထားရင်တောင် သူ့ကို ဘာ အခွင့်အရေးမှ ပေးမှာမဟုတ်ဘူး . . .)
ထိုစကားလုံးများက သူ၏ ရင်အတွင်း လှိုင်းတံပိုး များသဖွယ် ရိုက်ခတ်လျက် ရှိသည်။
ရဲမျိုးနွယ်က ဒုတိယတန်းစား မျိုးနွယ်စုမျိုး ဖြစ် သည့်တိုင် ယခုနေရာ၌မူ ဩဇာလွှမ်းမိုးသော အင်အား စု တစ်ခု ဖြစ်သည်။
သက်လတ်ပိုင်းအရွယ် လူမှ ယခုကဲ့သို့ ပြောလိုက် ခြင်းအားဖြင့် ထိုလူ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင် သည်။
မြေးဖြစ်သူ၏ အနာဂတ်ကို ဖျက်ဆီးချင်ရုံမက ဆိုး ရွားသော စကားလုံးများကို ထပ်မံ၍ ပြောဆိုနေသေး သည် မဟုတ်ပါလား။
ထိုစဉ် အခြားလူတစ်ဦးမှ -
“ရဲချန်ဘို . . .”
“မင်းဘာတွေ ပြောနေတာလဲ . . .”
“ဘာမှ မကျင့်ကြံရသေးတဲ့လူက မျိုးနွယ်စုကို အ ထောက်အပံ့ပေးမယ် ဟုတ်လား . . .”.
“ကောင်းပြီ ဒါဆိုလည်း ငါမေးတာ ဖြေစမ်းပါဦး”
“ဘယ်လိုအထောက်အပံ့ပေးမှာလဲ နောက်ပြီး မျိုး နွယ်စုက သူ့ကို အလကား မကျွေးထားဘူးဆိုတဲ့ဟာ ကရော ဘာကို ပြောချင်တာလဲ . . .”
“ရဲချန်ဘို မင်းကိုယ်မင်းလည်း ပြန်မေးကြည့်ပါဦး၊ မင်းရဲ့ တစ်ဒါဇင်လောက်ရှိတဲ့ ကိုယ်လုပ်တော်တွေက ရော မျိုးနွယ်အတွက် ဘာအထောက်အပံ့ပြုလို့လဲ”
YOU ARE READING