1103----1104

182 14 0
                                    

အခန်း (၁၁၀၃)(စာစဉ် ၇၉- အပိုင်း ၁၁)

“နာမည်ကောင်း မဟုတ်ဘူးလား”

စကားပြောဆိုပြီးနောက် ရဲနန်ရှန်လည်း ပြန်လည် ထွက်ခွာသွားသည်။

တိမ်မြူခိုးနန်းတော်နှင့် ရေခဲလနန်းတော်မှ လူများ ကို သူ့အဖို့ ဧည့်ခံရဦးမည် မဟုတ်ပါလား။

သို့သော် အခြားမျိုးနွယ်စုမှ ခေါင်းဆောင်များနှင့် ဆက်လက် စကားပြောနိုင်ရန်မူ ရဲမျိုးနွယ်မှ သက်ကြီး ဝါကြီးများကို ထားခဲ့လေသည်။

ကျန်မျိုးနွယ်စုများမှာလည်း ဘာမှ မပြောနိုင်ဘဲ နှုတ်ဆိတ်၍သာ ရှိနေကြသည်။

လက်ရှိအခြေအနေအရ ၎င်းတို့အဖို့ ရဲမျိုးနွယ်နှင့် တတ်နိုင်သမျှ နီးစပ်အောင် ကြိုးစားရန်မှလွဲ၍ အခြား မရှိတော့ပြီ။

ထို့ကြောင့် ရဲမျိုးနွယ်နှင့် အချိန်တန်ကြာ အတိုက် အခံ ပြုလုပ်ခဲ့သည့် လီမျိုးနွယ်ပင် နှုတ်ဆိတ်နေရလေ သည်။

ယခုအခါ နိမိတ်စီရင်စုထဲ၌ ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားသည်ကို လူတိုင်း သိနေကြသည်။

ရဲမျိုးနွယ်အား ဆန့်ကျင်သည့် မည်သူမဆို အဆုံး သတ်က လှပလိမ့်မည် မဟုတ်ကြောင်းကိုလည်း လူ တိုင်း သိနေကြပါတော့သည်။
. . .

ရဲမျိုးနွယ်မှာ ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ကိုသာမက တိမ်မြူခိုးနန်းတော်မှ လူများကိုပါ ကောင်းစွာ ဧည့်ခံ လျက် ရှိနေသည်။

အမျိုးသမီးများ မည်မျှ ရိုကျိုးသည့် ပုံစံမျိုး‌ ပေါက် နေပါစေ ရဲမျိုးနွယ်ထက် အစွမ်းထက်သည့် လူများပင် မဟုတ်ပါလား။

ထိုသို့သော အမျိုးသမီးများ ရှေ့တွင် ရဲမျိုးနွယ်စုမှ မောက်မာစွာ ဆက်ဆံမည်ဆိုပါက ၎င်းတို့လောက် အရှက်မဲ့သည့်လူ ရှိနိုင်တော့မည် မဟုတ်ပေ။

ရေခဲလနန်းတော်မှ လူနှစ်ယောက်ကိုလည်း ၎င်း တို့ဘက်မှ အေးစက်စွာ ဆက်ဆံနိုင်ပါမည်လော။

စင်စစ် ရဲမျိုးနွယ်မှ လူများအတွက် ထိုလူများမှာ ဒဏ္ဍာရီထဲမှ သူရဲကောင်းများလိုပင် ဖြစ်နေ၍ ရိုင်းစိုင်း စွာ မဆက်ဆံဝံ့ကြပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now