Chapter (925)"ကြိုတင်ကတိတောင်းခြင်း"

183 19 0
                                    

Chapter (925)(စာစဉ် ၆၇- အပိုင်း၁)

“ကြိုတင်ကတိတောင်းခြင်း”

ရဲရှောင် အံ့ဩသွားကာ -

“တစ်ခါ တစ်လေကျ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်တတ်ရတယ် . . .”

“မင်း ၁၀နှစ်လောက် တောင့်ခံနိုင်ရင် တစ်ဘဝလုံး စာ အကျိုးရှိသွားလိမ့်မယ် . . .”

“လက်ရှိ အခြေအနေပေါ် မူတည်ပြီး ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်”

“မင်းကိုယ်မင်းလည်း ကြည့်ပါဦး မင်းဘာလုပ်နိုင် လို့လဲ၊ မင်းအတွက်နဲ့ ကလဲ့စားချေတဲ့ ညီအစ်ကိုတွေ သေသွားခဲ့တယ် ထားပါတော့ . . .”

“နောက် ၁၀နှစ်ကြာတဲ့အခါ မင်းက သိုင်းလောက မှာ ပြန်ပေါ်လာပြီး သူတို့အတွက် ကလဲ့စားပြန်ပြီး ချေပေးနိုင်မှာပဲလေ၊ သိပ်ပြီးတော့လည်း နောက်မကျ ပါဘူး . . ."

“ငါတို့နဲ့ မင်းအတူ ရှိနေရင် ရန်သူတွေက မင်းကိုပါသတ်ဖြတ်သွားကြလိမ့်မယ် . . .”

“အဲဒီလိုနဲ့ ငါတို့အားလုံး သေသွားကြရင် သူတို့ကို ထပ်ပြီး ကလဲ့စားချေနိုင်မယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး . . .”

ရဲရှောင်က ခပ်အေးအေးပင် ပြောလိုက်သည်။

“အဲဒီတော့ မင်းဒီကိစ္စကို သေချာစဉ်းစားပါ . . .”

လိဝူလျန်က အေးစက်စက် လေသံဖြင့် -

“၁၀နှစ်ကျော် နာကျင်မှုတွေ ခံစားပြီးသွားရင် ပြိုင်ဘက်ကင်း ဖြစ်လာမယ်ပေါ့ . . .”

“ဒါပေမယ့် ဒီလို အပေးအယူကြီး မလုပ်ဘဲနဲ့ရော ငါက ပြိုင်ဘက်ကင်း ဖြစ်မလာနိုင်ဘူးလား . . .”

“အနာဂတ်မှာ တစ်ယောက်တည်း ပြိုင်ဘက်ကင်း ဖြစ်ရတာထက် ငါ့ညီအစ်ကိုတွေနဲ့ ကျောချင်းကပ် တိုက်ခိုက်ပြီး သေသွားရတာကို ငါက ပိုတန်ဖိုးထား တယ် . . .”

ရဲရှောင် သက်ပြင်းသာချလိုက်သည်။

လိဝူလျန်က သူထင်ထားသလို ဆုံးဖြတ်ချက် ချနေသည် မဟုတ်ပါလား။

“၁၀နှစ်တာ ကောင်းချီးပေးမှုဆိုတာတွေကို ငါမလို ချင်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now