အခန်း (၉၉၁)"အဆုံးမဲ့သည့် ဒေါသများ"

156 14 0
                                    

အခန်း (၉၉၁)(စာစဉ် ၇၁- အပိုင်း ၁၁)

“အဆုံးမဲ့သည့် ဒေါသများ”

ကျန်လူများကလည်း တဝါးဝါးပင် ရယ်မောလိုက် ကြသည်။

ထို့နောက် ထိုလူများထဲမှ တစ်ဦးမှ -

“သခင်လေး ကျုပ်က မကောင်းပြောတာ မဟုတ်ရ ပါဘူး . . .”

“သခင်လေးပြောတဲ့ အချက်ကလည်း မှန်ပါတယ် ဒါပေမယ့် ကျုပ်က အတိအကျကို ကြုံခဲ့ဖူးတာဗျ . . .”

“ကျုပ်ပြီးခဲ့တဲ့ အခေါက်က မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ် . . .”

“သူ့နောက်ကျော အလှကို ကြည့်ပြီး ကျုပ်အတော် သဘောကျခဲ့တယ် . . .”

“ဒါပေမယ့်ဗျာ သူ့မျက်နှာကြီးကိုလည်း မြင်လိုက် ရရော ကျုပ်ရဲ့ ဟာလေးတောင် ချက်ချင်း ပြန်ညှိုးကျ သွားတယ် . . .”

“သူ့ခန္ဓာကိုယ် ကောက်ကြောင်းက ဘယ်လောက် လှလှ သူ့မျက်နှာကြီးကို အမှောင်ထဲမှာတောင် ကျုပ် ပြန်မြင်ယောင်မိနေတာ . . .”

“အဲဒီတော့ ကျုပ်ရဲ့ ညီလေးက ဘယ်လိုမှကို ပြန် လန်းမလာတော့ဘူး . . .”

“ကျုပ်ဖြင့် ရောဂါဖြစ်သွားသလားတောင် စိုးရိမ်မိ သွားတာ . . .”

“ဟားဟား ဟားဟား . . .”

ထိုလူ၏ စကားအဆုံးတွင် ဆောင်ဖေ့မှာ ဝါးလုံးကွဲ အောင်ပင် ရယ်လိုက်သည်။

သူ့လူများမှာလည်း သူနှင့်အတူ တဝါးဝါး ရယ်မော ရင်းဖြင့် ပွဲကျနေတော့သည်။

ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့မှာမူ ပြောရဲဆိုရဲနေသည့် ဆောင်ဖေ့နှင့် သူ့လူများကို ကြည့်ရင်း အထင်ကြီးနေမိ ကြသည်။

ဆရာနှင့် တပည့်များမှာ တစ်လေသံတည်းပင် ဖြစ် နေကြသည် မဟုတ်ပါလား။

ဆောင်မျိုးနွယ်၏ တတိယ သခင်လေးမှာ လွန်စွာ သတ္တိရှိနေသည်။

သူ့လူများမှာလည်း ထို့အတူပါပင်။

ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့မှာမူ ကိုယ့်သေတွင်းကိုယ် ပျော်ပျော်ကြီး တူးနေသည့် ဆောင်ဖေ့တို့ကို ငေး၍သာ ကြည့်နေမိသည်။

ဟန်ပိုင်ယွဲ့ စိတ်ထဲ ထိုလူများကို မချီးကျူးဘဲ မနေအောင် ဖြစ်နေရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now