Chapter (905)"မင်းအတွက် တိုက်ခိုက်မယ့် မီးခိုးရောင်ဝံပုလွေ"

200 15 0
                                    

Chapter (905)(စာစဉ် ၆၅- အပိုင်း၉)

“မင်းအတွက် တိုက်ခိုက်မယ့် မီးခိုးရောင်ဝံပုလွေ”

ထိုစဉ် အားဟူမှာ စိတ်တိုနေသည်။

ရဲရှောင်တို့ ပြောနေသည်ကို အားဟူက ဟင်းလင်း ပြင်ကြီးထဲမှ နားထောင်နေခြင်းပင်။

(ဘာ . . .)

(ခြေလက်မရှိတဲ့ ဥဟုတ်လား . . .)

(အဲဒီ ဥကိုပဲ သူတို့က ဘာထင်နေတာလဲ . . .)

(ငါလည်း ဥဘဝကနေပဲ ဖြစ်လာခဲ့တာပဲ . . .)

(ငါဆို ဘယ်လောက်ကြီးမြတ်လိုက်သလဲ ဒါကို ဒင်းတို့က မသိဘူးလား . . .)

(တကယ့် အရူးကောင်တွေပဲ . . .)

ရှန်ဂွမ်ဇုဖန်၏ စကားများက ရဲရှောင်အဖို့ မှင်သက် စရာပင်။

မီးခိုးရောင် ဝံပုလွေဆိုသည့် စကားကြောင့် သူ့စိတ်ထဲ နွေးခနဲပင် ခံစားလိုက်ရသည်။

(လိဝူလျန်အတွက် ဝမ်းနည်းပူဆွေးတဲ့ လူတွေ ရှိနေသလို ငါ့အတွက်လည်း ဒီလိုလူတွေ ရှိနေတာ ပါလား . . .)

မီးခိုးရောင် ဝံပုလွေက မီးခိုးရောင် ဝံပုလွေအုပ်စု ၏ ခေါင်းဆောင်ပင်။

ထိုလူက မိဘမဲ့တစ်ယောက် ဖြစ်ပြီး ဝံပုလွေ များစွာကို မွေးမြူထားသည်။

ထို့ကြောင့် သူ့ဘဝက လူရိုင်းတစ်ဦးလိုပင် ဖြစ်နေ သည်။

ထိုလူငယ်စဉ်က ပုံမှန်မဟုတ်သည့် ဆရာတစ်ဦး နှင့် တွေ့ခဲ့ရပြီး လူသားများကြား ရောက်လာခဲ့သည်။

ထိုသို့ ရောက်လာသည့်တိုင် ဝံပုလွေများကြား နေခဲ့ရသည့် ဘဝကို သူ့မမေ့နိုင်။

ထို့ကြောင့် မီးခိုးရောင် ဝံပုလွေ ကန်ဂုလန်ဟု သူ့ကိုယ်သူ အမည်တွင်စေခဲ့သည်။

ထိုလူ သိုင်းလောကထဲ စရောက်လာချိန်တွင် ဝံပုလွေတစ်ကောင်လိုပင် ကြမ်းတမ်းခက်ထန်ခဲ့သည်။

ထိုသို့ ကျင်လည်ပြီးနောက် လူတစ်စုကို စုစည်းပြီး အင်အားစု တစ်စုကို တည်ထောင်ခဲ့သည်။

ဝံပုလွေ တစ်ကောင်ပမာနှယ် ရဲတင်းလွန်း၍ ဂိုဏ်း ကြီးတစ်ခု၏ အမျက်ရှခြင်းကိုပင် ခံခဲ့ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora