အခန်း (၉၇၁)"ဆရာသမားအပေါ် အထင်ကြီးမိခြင်း"

165 14 0
                                    

အခန်း (၉၇၁)(စာစဉ် ၇၀- အပိုင်း၅)

“ဆရာသမားအပေါ် အထင်ကြီးမိခြင်း”

ရဲရှောင်၏ အဝတ်များတွင် ချွေးများဖြင့် ရွဲစိုလျက် ရှိသည်။

(ငါ့လို မူလအိပ်မက် အဆင့်ပဲရှိသေးတဲ့ လူက ငါ့ ထက် အများကြီး ပိုအစွမ်းထက်တဲ့ မိန်းမတစ်ယောက် ကို မယဉ်မကျေးနဲ့ ပြန်အော်ငေါက်ခဲ့မိတယ် . . .)

(ဒါတောင် ငါအသက်ရှင်နေတုန်းပါပဲလား၊ သူက ငါ့ကို သေအောင် မရိုက်လိုက်ဘူးလား . . .)

ရွှမ်ပိုင်မှ သူ့ကို ဘာမှမလုပ်သေး၍ ရဲရှောင်စိတ်ထဲ ထူးဆန်းသလို ဖြစ်နေမိသည်။

(ငါက မဆင်မခြင်နဲ့ အဲဒီလို လုပ်ရပ်မျိုးကို လုပ်ခဲ့ မိတာပဲ၊ ငါ့ကိုယ်ငါတောင် အထင်ကြီးမိသွားပြီ . . .)

ရွှမ်ပိုင်မှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်နီးပါး ဖုံးအုပ်ထားသည့် မြက်ဦးထုပ် ကိုလည်း ဆောင်းထားသေးသည်။

ထို့ပြင် သူမ၏ မျက်နှာသွင်ပြင်ကို မမြင်ရစေရန် ပိုးသားပဝါကိုလည်း ဖုံးအုပ်ထားပြန်သည်။

ထို့ကြောင့် ရွှမ်ပိုင်၏ မျက်နှာကို သူမမြင်ရသော် လည်း ထိုအမျိုးသမီးမှာ ဆွံ့အနေမည်ကိုမူ ရဲရှောင် အတပ်သိနေသည်။

သူမကဲ့သို့ ထိပ်သီး ပညာရှင်ကြီးမှာ ရဲရှောင်၏ အော်ဟစ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။

(ငါအော်လိုက်တာတောင် သူက ငါ့ကို ဘာမှမလုပ် ဘူးဆိုတော့ တော်တော်ကို ခန္ဓီပါရမီ ပြည့်တာပဲ . . .)

“ကျုပ်တောင်းပန်ပါတယ် . . .”

ရဲရှောင်မှ အသက်ပြင်းပြင်းရှူရင်း‌ ပြောလိုက်၏။

“ဒါက ကျုပ်ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စမလို့ ကျုပ် ကိုယ်ကျုပ် မထိန်းနိုင်တော့ဘဲ ခင်ဗျားကို အော်မိသွား တယ် . . .”

ရွှမ်ပိုင်မှာမူ ဘာမှ ပြန်မပြော၊ နှုတ်ဆိတ်၍သာ နေနေသည်။

(မင်းရဲ့ ဂုဏ်သိက္ခာ ဟုတ်လား . . .)

(အဲဒါကို မင်းက ဂရုစိုက်တယ်ပေါ့ . . .)

(ဒါဆို ငါ့ရဲ့ ဂုဏ်သိက္ခာကရော . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now