Chapter (928)(စာစဉ် ၆၇- အပိုင်း၄)
“လင်းယုန်ဘာသာစကား ပြောနိုင်သလား”
တင်ပါးဒဏ်ရာက သိပ်တော့ မနက်၊ ရှပ်ထိသွားရုံ ပါပင်။
ရွှေလင်းယုန်က ရဲရှောင်ကို ကုတ်ရန် ဟန်ပြင်စဉ် လျင်မြန်စွာ ရှောင်တိမ်းနိုင်လိုက်၍ သက်သာသွားခြင်း ဖြစ်သည်။
ထိုသို့ မဟုတ်ပါက ရဲရှောင်အဖို့ မတွေးဝံ့စရာပင်။
ချောက်ကမ်းပါး တစ်ဖက်သို့ ရောက်ချိန်တွင်မူ သူ့ တင်ပါးဒဏ်ရာ၏ နာကျင်မှုကို သတိပြုမိလိုက်သည်။
ထို့ကြောင့် လက်ဖြင့် ကိုင်ကြည့်ချိန်တွင်မူ သွေး ထွက်နေသည်ကို တွေ့လိုက်ရသည်။
အကယ်၍ ရှောင်တိမ်းရန် အနည်းငယ်သာ နောက်ကျသွားပါက မည်သို့ ဆက်ဖြစ်လာနိုင်သည်ကို မတွေးရဲအောင်ပင်။
"တော်တော်ကို မြန်တာပဲ . . ."
ရွှေလင်းယုန်ကြီးက ရဲရှောင်ကို စတင် တိုက်ခိုက် ချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။
သို့သော် ပစ်မှတ်မှာ လွဲချော်သွား၍ ၎င်းကိုယ်တိုင် အံ့ဩသွားပုံပင်။
ထို့ကြောင့် ရဲရှောင်ကို ဒေါသတကြီးဖြင့် လိုက်ရှာ နေပါတော့သည်။
(ဘယ်လိုဖြစ်တာလဲ . . .)
(ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မြန်နေတာပါ လိမ့် . . .)
(မဖြစ်နိုင်လိုက်တာ . . .)
ရွှေလင်းယုန်ကြီးက ထိုသို့ တွေးရင်း အံ့ဩနေမိ သည်။
စင်စစ် ရဲရှောင်က တွေဝေခြင်း အလျဉ်းမရှိဘဲ စက္ကန့်အပိုင်းအတွင်း ထွက်ပြေးသွားခြင်းပင်။
ရွှေလင်းယုန်ကြီးလည်း ရဲရှောင် ထွက်ပြေးသွား သည်ကို သိ၍ ဒေါသတကြီးပင် အော်ဟစ် လိုက်သည်။
ထို့နောက် သူ၏ ကြီးမားသော တောင်ပံကြီးကို ခတ်၍ ရဲရှောင် ရှိရာကို တဟုန်ထိုး ပျံသန်းလာသည်။
(ငါ့ရဲ့ လက်သည်းချွန်တွေ ကြားကနေ ဒီလူသား လေးက ဘယ်လိုဖြစ်ပြီး လွတ်မြောက် သွားရတာလဲ)
BẠN ĐANG ĐỌC