အခန်း (၉၆၉)(စာစဉ် ၇၀- အပိုင်း၃)
“တရားလွန် ပြောဆိုခြင်း”
“မျိုးမစစ်ကောင် . . .”
“အကူအညီ ပေးတယ် ဟုတ်လား . . .”
“အဲဒါတောင် တစ်ယောက်နဲ့ တစ်ယောက် ကူညီ ပေးရုံပါဆိုပြီး ဘယ်လို ပြောရဲရတာလဲ . . .”
ရွှမ်ပိုင်မှာ ဒေါသအကြီးအကျယ် ထွက်နေသည်။
“ဒါက သူ့ရဲ့ အပျိုစင်ဘဝနဲ့လည်း သက်ဆိုင်နေ သလို သူ့ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတယ်၊ နောက်ပြီး သူ့ရဲ့ ကျန်တစ်ဘဝလုံးနဲ့လည်း သက်ဆိုင် နေတယ်ကွ . . .”
“အဲဒါကိုတောင် မင်းက ပေါ့ပေါ့လေး ဘာလို့ ပြော နိုင်နေရတာလဲ . . .”
“မင်းတို့က တစ်ယောက်နဲ့ တစ်ယောက် သိတာနဲ့ ပဲ ဒါမျိုး တာဝန်မယူဘူးလို့ လုပ်လို့ရလား . . .”
ရွှမ်ပိုင်၏ စကားကြောင့် ရဲရှောင် တုန်လှုပ်သွား သည်။
(ဟမ် . . .)
(သူဘာတွေ ပြောနေတာလဲ . . .)
(အပျိုစင် ဘဝ ဟုတ်လား၊ အနာဂတ်တွေရော ကျန်ဘဝတွေရော ဘာတွေ ပြောနေတာလဲ . . .)
(ငါတကယ်ကို နားမလည်နိုင်တော့ဘူး ငါ့ဘက်က ဘာပြန်ပြောရတော့မှာလဲ . . .)
(နောက်ပြီး တာဝန်ယူရမယ်တဲ့ ငါက ဘာကို တာဝန်ယူရမှာလဲ . . .)
“မိန်းကလေးရွှမ် . . .”
“ခင်ဗျား ကျုပ်ကို စိတ်တိုရတဲ့ အကြောင်းအရင်း တော့ ရှိမှာပေါ့ ဒါပေမယ့် ကျုပ်အဲဒါကို နားမလည်နိုင် ဘူး ဖြစ်နေတယ်၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ”
“မိန်းကလေး တစ်ယောက်ရဲ့ အပျိုစင်ဘဝနဲ့ သက်ဆိုင်နေတယ် ဟုတ်လား . . .”
“ကျုပ်ကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါဗျာ ခင်ဗျား ဘာတွေ ပြောနေတာလဲ . . .”
(ဘာလို့ ရုတ်တရက်ကြီး ဒီလို စိတ်ဆိုးသွားရတာ လဲ၊ ငါကသူ့ရဲ့ ဂိုဏ်းသားကိုလည်း အများကြီး ကူညီ ပေးခဲ့တဲ့ဟာကို ဘာလို့ ငါ့ကို ဒေါသထွက်နေတာလဲ)
(နောက်ပြီး သူက ဘာပြောချင်နေမှန်း ဘာဆိုလို ချင်နေမှန်းကို မသိဘူး . . .)
YOU ARE READING