1113------1114

174 17 1
                                    

အခန်း (၁၁၁၃)(စာစဉ် ၈၀- အပိုင်း ၇)

“ရှောင်နှင့်ဟန်”

“ကျုပ်တော့ မြောက်သွားမိပြီဗျာ . . .”

ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။

“ခင်‌ဗျားတို့နဲ့ တိုက်ခိုက်ရတာ ကျုပ်အတွက် ကံ ကောင်းတာပဲ၊ ကျုပ်က လှည့်ကွက်လေး နည်းနည်း လောက် သုံးခဲ့ရုံပါ၊ ဒါပေမယ့် ကမ္ဘာကြီးမှာ ပြိုင်ဘက် ကင်းတယ်ဆိုတာတော့ များသွားပြီ၊ ကျုပ်အကြောင်း ကျုပ်သိပြီးသားပါ. . .”

ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့လည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ခေါင်းညိတ်၍ ချီးကျူးလိုက်ကြပြန် သည်။

ဇန်ယွန်ဖေ့က ရဲရှောင်အား ချီးကျူးလိုက်ခြင်းဖြစ် သလို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။

စင်စစ် ချီးကျူးခံလိုက်ရသည့်အခါ ရဲရှောင်က မော် ကြွားခြင်းရှိမရှိကို စမ်းသပ်လိုခြင်းပင် ဖြစ်သည်။

လူသားတို့၏ စိတ်က ဖုံးကွယ်ရန် ခက်ခဲသလို ဖုံး ကွယ်ရန်လည်း လွယ်လွန်းလှသည်။

ထို့အတူ လူတိုင်းက ကိုယ့်အကြောင်း ကိုယ်သိကြ သော်လည်း ကိုယ့်အနေအထားကိုယ် နားလည်နိုင်ရန် မှာမူ ခက်ခဲလွန်းကြသည်။

သို့သော် ရဲရှောင်မှာမူ ထိုသို့မဟုတ်၊ ကိုယ့်အခြေ အနေကိုယ် အပြည့်အဝ နားလည်နေသည်။

အသက် ၂၀ ပင် မပြည့်သေးသည့် လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်မှာ ချီး ကျူးစကားဆိုသင့်သည့် ကိစ္စပင် မဟုတ်ပါလား။

ရဲရှောင်၏ နှုတ်မှ ထိုစကားများကို ပြောလိုက်ချိန် ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့နှစ်ဦးလုံး စိတ်အေးသွားကြ သည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်မှ သတင်းလာ ပို့လာသည်။

“သခင်လေး . . .”

“ချင်းဟွာနန်းတော်က လူတွေ ရဲမြို့တော်ကို ရောက်လာပါတယ် . . .”

ရဲရှောင် မျက်မှောင်ကြုတ်လျက် -

“သူတို့ကို ဘယ်သူလွှတ်လိုက်တာလဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now