အခန်း (၉၇၇)(စာစဉ် ၇၀- အပိုင်း ၁၁)
“ရှင်းပြရန် ကြိုးစားခြင်း”
“အဲဒီတော့ ရှင်က အားနည်းတဲ့ လူတွေအပေါ် အနိုင်ကျင့်တာကို မှန်တယ်လို့ ထင်တယ်ပေါ့ . . .”
“အခုကျ ကျွန်မဆီက ခွင့်လွှတ်မှုကို လိုချင်နေပြန် ပြီ၊ ဒါကရှင်တို့ နေရောင်ဂိုဏ်းက လူတွေ လုပ်နေကြ အရာတွေလား . . .”
ရွှမ်ပိုင်မှ ရေခဲတမျှ အေးစက်သည့် အသံဖြင့် ပြော လိုက်သည်။
ထို့နောက် ခနဲ့တဲ့တဲ့ဖြင့် ဆက်လက်၍ -
“အင်း . . .”
“ရှင်တို့ဂိုဏ်းက နှစ်ပေါင်း သောင်းနဲ့ချီပြီးကို ရပ် တည်နိုင်ခဲ့တာ မထူးဆန်းပါဘူး . . .”
“စိတ်ဓာတ်တွေက ဒီလို ဖြစ်နေတာကိုး . . .”
သက်လတ်ပိုင်း အရွယ် လူမှာမူ နာကျင်မှုကြောင့် လူရုပ်ပင် မပေါ်အောင် ရှုံ့တွလျက် ရှိနေသည်။
ထိုလူ၏ လက်တစ်ခုလုံးလည်း ယောင်ကိုင်းနေပြီး နာကျင်လွန်း၍ ရေဓာတ်များပင် ခန်းခြောက်နေသည့် ပုံပင်။
ထို့ကြောင့် တိုးညှင်းပြီး ခြောက်ကပ်သည့် အသံ ဖြင့် -
“ကျုပ် ကျုပ် ကျုပ်မှားပါပြီ . . .”
“ဪ ရှင်က အမှားကို သိပြီပေါ့ . . .”
“ဒါဆို ရှင့်ကို အခွင့်အရေး ပေးရမှာပေါ့ . . .”
“အား . . .”
ရွှမ်ပိုင်မှ လက်ညှိုးတစ်ချက် ညွှန်ရုံဖြင့် ထိုလူ၏ ကျန်လက်တစ်ဖက်မှာ ပထမလက်အတိုင်း စတင်၍ ဖောင်းကားသွားတော့သည်။
“ဘာလို့ စကား ဆက်မပြောတော့တာလဲ . . .”
“ရှင်က စကားသိပ်များတဲ့ လူဆိုတာ ကျွန်မ သိပါ တယ်၊ အခု ရှင့်နာမည်ကို မေးနေတယ် မဟုတ်လား၊ ဘာလို့ မပြောပြတာလဲ . . .”
“ဘာလဲ ကျွန်မကို အထင်သေးတာလား ပြန်ဖြေ စရာမလိုဘူးလို့ ရှင်က သတ်မှတ်ထားလို့လား . . .”
ရွှမ်ပိုင်က ခက်ထန်သည့် အကြည့်များဖြင့် ကြည့် ၍ တရစပ် မေးလိုက်သည်။
“ရှင့်ရဲ့ သဘောထားက ကျွန်မကို စိတ်အနှောက် အယှက် ဖြစ်စေတယ် . . .”
YOU ARE READING