အခန်း (၁၀၆၃)(စာစဉ် ၇၆- အပိုင်း၁၃)
“ရွှမ်ပိုင်၏ နှလုံးသား”
ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့မှာ စားသောက်ရင်း၊ စကားပြောဆိုရင်းဖြင့် ပေါ့ပေါ့ပါးပင် ရှိနေကြသည်။
သို့သော် ရွှမ်ပိုင်မှာမူ ဟင်းပွဲများကို ရဲရှောင်ကြည့် နေသည့်အချိန် နူးညံ့သည့် မျက်နှာထားမျိုး ပြောင်းလဲ သွားသည်ကအစ သတိပြုမိနေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရွှမ်ပိုင်ရင်ထဲ ခံစားသွား ရပြန်သည်။
သူမကိုယ်သူမလည်း မေးခွန်းပြန်ထုတ်လိုက်မိ၏။
(ရွှမ်ပိုင် နင့်ရဲ့ဘဝကို ဒီလောက်တောင် စွန့်ပစ်ဖို့ ခက်ခဲနေသလား . . .)
(နင့်ကိုယ်နင် သိပ်ပြီးကြီးမြတ်တယ်၊ အရေးကြီး တယ်လို့ ထင်နေတယ်ပေါ့ . . .)
(ကိုယ်ချစ်ရတဲ့ အစ်ကိုကြီးနဲ့ တွေ့နေရတာတောင် မသိသလို ဟန်ဆောင်နိုင်သေးတယ် . . .)
(သူ့ကို အထက်စီးဆန်ဆန် ဟန်ဆောင်ဆက်ဆံ နေရတာ နင် မပင်ပန်းဘူးလား . . .)
(နင်ဘာတွေ လုပ်နေတာလဲ၊ နင်လုပ်နေတာတွေ ရော နင်သိရဲ့လား . . .)
ထိုသို့စိတ်ထဲ လွန်ဆွဲနေမိသည့်တိုင် သူမ မည်သူ မည်ဝါမှန်း ဝန်ခံရန်မူ ဝန်လေးနေမိသည်။
ထို့ပြင် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာကို လည်း ရွှမ်ပိုင်မဟုတ်ဘဲ ပိုင်အာ၏ စိတ်ကသာ အမြစ် တွယ်ထားပြီ ဖြစ်ကြောင်း သဘောပေါက်မသေးပေ။
တကယ်တမ်းတွင် ပိုင်အာက ရွှမ်ပိုင်ဖြစ်ပြီး ရွှမ်ပိုင် သည်လည်း ပိုင်အာသာ ဖြစ်သည်။
လူတစ်ယောက်တည်းသာ ဖြစ်၍ ရွှမ်ပိုင်၏ နှလုံး သားက ပိုင်အာ၏ နှလုံးသားပင် မဟုတ်ပါလား။
ချစ်ရသူနှင့် ဖြတ်သန်းခဲ့ရသည့် အတိတ်နေ့ရက် များက တစ်နေ့ထက် တစ်နေ့ သူမကို ရုန်းမထွက်နိုင် အောင် စိုးမိုးလာခဲ့တော့သည်။
. . .ထိုနေ့ညတွင် ကြာပန်းများ ရှိနေသည့် ဧက ၁၀၀ မှလွဲ၍ အခြားမည်သည့်ပစ္စည်းများ ရှိနေကြောင်းကို စစ်ဆေးရန် ရဲရှောင် ကြံရွယ်ထားသည်။
YOU ARE READING