Chapter (907)"ကောင်းကင်ဝိညာဉ် ချောက်ကမ်းပါး"

192 21 0
                                    

Chapter (907)(စာစဉ် ၆၅- အပိုင်း၁၁)

“ကောင်းကင်ဝိညာဉ် ချောက်ကမ်းပါး”

“ကောင်းကင်ဝိညာဉ်တောင် . . .”

ထိုအချိန် ကောင်းကင်ဝိညာဉ်တောင်၌ လူအချို့ ရှိနေပြီး အစောင့်များစွာလည်း ရှိနေသည်။

ရဲရှောင်က တောင်အနားတွင် ရက်အနည်းငယ် နေထိုင်ပြီး ထိုလူများအကြောင်း စုံစမ်းနေခဲ့သည်။

ထိုအခါ အံ့ဩဖွယ် အချက်တစ်ချက်ကို သူသိလိုက် ရသည်။

နေရောင်ဂိုဏ်းအဖို့ တောင်၏ ဝိညာဉ်စွမ်းအင်များ ကို အနည်းငယ်ပင် မစုပ်ယူနိုင်သေးခြင်းပင်။

တောင်ကို သိမ်းပိုက်ပြီးကတည်းက ယခုအချိန်ထိ မစုပ်ယူနိုင်သေးသည်မှာ အံ့ဩဖို့ကောင်းလွန်းသည်။

ထိုတောင်အတွင်း၌ သိပ်သည်းလှသော ဝိညာဉ် စွမ်းအင် များစွာ ရှိနေသည်။

ထို့ကြောင့် ထိုစွမ်းအင်များ အကြောင်း သိသော မည်သူမဆို သေချာပေါက်ပင် အာရုံခံနိုင်လိမ့်မည်။

သို့သော် နေရောင်ဂိုဏ်းမှ လူများအဖို့ မြင်သာမြင် မကြင်ရ၍ စိတ်အနှောက်အယှက် ဖြစ်နေကြရသည်။

၂နှစ်အတွင်းတွင် ထိုစွမ်းအင်များကို ပိုင်ဆိုင်နိုင် ရန် နည်းအမျိုးမျိုးပင် ကြိုးစားခဲ့ကြသည်။

မည်မျှထိဆိုလျှင် မူလတာအို အဆင့်ခုနှစ်ရှိသော ပညာရှင် ၄ဦးကိုပင် စတေးခံခဲ့ကြသည်။

သို့သော် အခြေအနေကမူ ဘာမှမထူးခြား။

အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ဝိညာဉ်စွမ်းအား ဆိုသည်က ဂမ္ဘီရဆန်သော စွမ်းအင်တစ်မျိုးပါပင်။

ထိုစွမ်းအင်များကို သုံးတတ်သူများအဖို့ ဆေးဖြစ် နိုင်သလို မသုံးတတ်သူများအဖို့ ဘေးဖြစ်နိုင်သည်။

အသက်နှင့်ပင် လောင်းကြေး ထပ်ရလောက်သည် အထိ စွမ်းအင်များက ထူးခြားလွန်းသည်။

ထို့ပြင် စွမ်းအင်များကို စုစည်းရန်က အနည်းဆုံး မူလတာအို အဆင့်ခုနှစ် ရှိရန် လိုအပ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now