အခန်း (၉၈၅)(စာစဉ် ၇၁- အပိုင်း၅)
“ရုပ်ဆိုးနေသလား”
ရဲရှောင်မှ လေသံတီးတိုးဖြင့် -
“မိန်းကလေးရွှမ် . . .”
“ခင်ဗျားက ချင်းရန်နယ်ပယ်အကြောင်းကို ကျုပ် သိတာထက် ပိုသိပါတယ် . . .”
“အဲဒီတော့ ခင်ဗျားလည်း မှန်းဆနိုင်မှာပါ ဒီကမ္ဘာ ကြီးပေါ်မှာ ဒီလိုအဖွဲ့စည်းကြီးကို လည်ပတ်စေနိုင်တဲ့ အင်အားရှိတဲ့ လူက . . .”
ရွှမ်ပိုင်မှ ပြုံးလျက် -
“ဒီကိစ္စက နည်းနည်းတော့ နက်နဲတယ် တကယ် တော့ ဒီကမ္ဘာပေါ်က ထိပ်တန်းအဆင့် ဂိုဏ်းတွေ အား လုံးက ဒီလို လုပ်နိုင်တဲ့ အင်အား ရှိကြတာပဲ . . .”
“ဒါပေမယ့် အခုလောက်ထိတော့ မစွန့်စားရဲကြ လောက်ဘူးလို့ ကျွန်မ ထင်တယ် . . .”
ရွှမ်ပိုင် စကားကြောင့် ရဲရှောင် ပြုံးလိုက်မိ၏။
ထိုအချက်သည်လည်း မှန်ကန်ပေသည်။
ယခုကဲ့သို့ ဟာကွက်မရှိ ထောင့်စေ့အောင် လုပ်နိုင် သည့် အဖွဲ့စည်းကြီး တစ်ခုကို ထူထောင်ရန်မှာ အင် အားစုတိုင်းအတွက် ခက်ခဲနေမည်။
၎င်းတို့၌ သယံဇာတ မည်မျှရှိနေပါစေ အနည်းဆုံး မူ အချိန်များစွာ ပေးဆပ်ရမည် မဟုတ်ပါလား။
ထို့ပြင် ယခုလုပ်ရပ်မှာ ကောင်းကင်ဘုံ၏ အလို ဆန္ဒနှင့်လည်း ဆန့်ကျင်နေပြန်သည်။
အကယ်၍ အမှားအယွင်း တစ်ခုသာ ဖြစ်သွားလျှင် ၎င်းတို့၏ လုပ်ရပ်လည်း ဘူးပေါ်သလို ပေါ်သွားနိုင်ပြီး အလွယ်တကူလည်း ပြိုကွဲသွားနိုင်သည်။
သို့သော် ယခုအချိန်အထိ ၎င်းတို့မှာ မည်သူမျှ မသိ စေရန် ပိပိရိရိဖြင့် လုပ်နိုင်ခဲ့သည်။
ထိုအဖွဲ့စည်းကြီး၏ နောက်ကွယ်၌ တုန်လှုပ်ဖွယ် ကောင်းသည့် လျှို့ဝှက်ချက်များလည်း ရှိနေနိုင်သည်။
“ဒါပေမယ့် သူတို့တွေ ဒီလို လုပ်လာတာနဲ့အမျှ လူ တွေ သိသွားဖို့က သိပ်မကြာလောက်တော့ပါဘူး . . .”
ထိုသို့ ပြောလိုက်သည့် ရွှမ်ပိုင်၏ အသံက သတ် ဖြတ်လိုသည့် အငွေ့အသက်များ အပြည့်ပါနေသည်။
YOU ARE READING