Chapter (914)(စာစဉ် ၆၆ - အပိုင်း၄)
“အရိုးများဖြင့် ပြည့်နှက်နေခြင်း”
သူ၏ သွေးကြောများတွင် ခရမ်းရောင်ချီဓာတ်များ က တဟုန်ထိုး စီးဆင်းနေသည်။
သွေးကြောလို ကျဉ်းမြောင်းသော လမ်းကြောင်း ထဲ တိုးဝင်ရ၍ အသံများပင် မြည်သယောင် ဖြစ်နေ သည်။
သူ၏ သွေးကြောများ စတင် ပြောင်းလဲနေသည် ကိုလည်း ရဲရှောင် ခံစားနေရသည်။
သူ့အဖို့ ထိုခံစားချက်က လက်ဖျားခါလောက် အောင်ပင် ကောင်းလွန်းနေသည်။
ထိုသို့ဖြင့် အောက်ကို ပိုလျင်မြန်သော နှုန်းဖြင့် သူ ဆင်းသွားနိုင်ခဲ့သည်။
ပေ၃၀၀ခန့် ထပ်ဆင်းပြီးချိန်တွင် အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များကို မြင်လိုက်ရပြန်သည်။
ရဲရှောင် ခေါင်းများ ထပ်မံ မူးဝေသွားပြန်သည်။
ထို့ကြောင့် -
“အားဟူ . . .”
ရဲရှောင်၏ ခေါ်သံကြောင့် အားဟူက မြားတစ်စင်း ပမာ တဟုန်ထိုး ပြေးလာသည်။
ထို့နောက် ယခင်နည်းအတိုင်း တိမ်တိုက်များကို ထိတွေ့ကာ ဝဲကတော့ တစ်ခု လုပ်လိုက်သည်။
သို့သော် ယခုအခေါက် ဝဲကတော့က ယခင်ထက် ပိုကြီးမားနေသည်။
ကောင်းကင်မှ ချောက်ကမ်းပါး အောက်ခြေထိ အမြင့်ရှိသည့် ဝဲကတော့ကြီးပါပင်။
တိမ်တိုက်များက ထိုတုန်ခါနေသော ဝဲကတော့ ကြီးထဲ မြန်မြန်ဆန်ဆန်ပင် စီးဆင်းသွားကြသည်။
စီးဆင်းမှုနှုန်းက ယခင်ထက် ပိုမြန်သလို ဝိညာဉ် စွမ်းအားများကလည်း ပို၍ အားကောင်းနေသည်။
တစ်နည်းအားဖြင့် တိမ်တိုက်များက ယခင်ထက် ပိုသန့်စင်နေသည်ဟု ဆိုရမည်။
အားဟူမှာလည်း စိတ်လှုပ်ရှားနေပုံပင်။
တညောင်ညောင် အော်ဟစ်ရင်း မျက်လုံးများက ပြူးကျယ်ကာ အမြီးမှာလည်း ထောင်မတ်နေသည်။
(တော်တော်ကို ကောင်းတာပဲ . . .)
(မယုံနိုင်စရာကို ကောင်းတယ် . . .)
YOU ARE READING