1015---1016

177 13 1
                                    

အခန်း (၁၀၁၅)(စာစဉ် ၇၃- အပိုင်း ၇)

“ပြောင်းလဲမြန်သည့်စိတ်”

ရဲရှောင် လက်ထဲရှိ အနက်ရောင် ကြာပန်းမှ ထူး ခြားသည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိသည်။

ထို့ပြင် လေများ တိုက်ခတ်နေသည့်တိုင် ကြာပန်း ၏ မွှေးရနံ့မှာ ပျောက်ပြယ်သွားခြင်း မရှိ။

အချိန်အတန်ကြာ လွင့်ပျံမွှေးပျံ့နေဆဲပါပင်။

“မှင်ရောင်အားဖြည့် ကြာပန်းပါလား . . .”

လီချင်းဇူနှင့် ရဲလျန်ချန်တို့ နှစ်ဦးလုံး ကြာပန်းအား ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်ကြသည်။

တစ်ပြိုင်တည်းမှာပင် လောဘစိတ်များလည်း တ ဖွားဖွား တက်သွားကြသည်။

လက်ရှိတွင် ၎င်းတို့အတွက် ရွှေငွေများက အဖိုး မထိုက်၊ ကြာပန်းကသာ အဖိုးအထိုက်တန်ဆုံး ဖြစ်နေ သည်။

ထို့ကြောင့် ရဲလျန်ချန်၏ စိတ်ထဲ၌ ရဲရှောင်ကို မနာ လို ဖြစ်နေမိပြီး လီချင်းဇူကမူ လုယူချင်နေမိသည်။

သူ၏ မျက်လုံးထဲ၌ ကြာပန်းကို လုယူ၍ ရဲရှောင် အား သတ်ပစ်ချင်နေသည့် အရိပ်အယောင်များက အတိုင်းသား ထင်ဟပ်နေသည်။

ကြာပန်းက မည်မျှထိ အရည်သွေး ကောင်းမွန် သည်ဆိုလျှင် အရွက်များ၊ ပွင့်ဖတ်များကပင် အရောင် တလက်လက် တောက်ပလျက် ရှိနေသည်။

အရည်အသွေး ကောင်းလွန်း၍ မကြာမီ ကျောက် စိမ်းအားဖြည့် ကြာပန်းအဖြစ်ပင် ပြောင်းလဲတော့ချေ မည်။

တစ်နည်းအားဖြင့် အရည်အသွေး အကောင်းဆုံး မှင်ရောင်ကြာပန်းဟုပင် ဆိုရမည်။

ထို့ကြောင့် ထိုကြာပန်းနှင့်သာ ဆိုပါက ရဲမျိုးနွယ်စု ၏ အခက်အခဲများကို ကျော်လွန်းနိုင်မည်မှာ အသေ အချာပင်။

သို့သော် လီမျိုးနွယ်စုသာ ရသွားပါက အခြေအနေ များကို ပြောင်းပြန်လှန်ကြည့်လိုက်ပါလေ။

လီချင်းဇူမှာ လောဘတက်သည့် မျက်လုံးများဖြင့် ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့နောက်ရှိ လူနှစ်ယောက်မှာလည်း တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now