Chapter (943)(စာစဉ် ၆၈- အပိုင်း၅)
“ဟန်ပိုင်ယွဲ့”
အရိပ်မဲ့၏ ကျင့်ကြံမှု အခြေခံ ကောင်းနေ၍သာ ယခုလောက်အထိ သက်သာလာခဲ့ခြင်း ဖြစ်သည်။
အပြည့်အဝ ပြန်ကောင်းရန်မှာမူ ၎င်း၏ ကြိုးစား အားထုတ်မှု ပေါ်တွင်သာ မူတည်နေသည်။
သို့သော် သူ၏ စွမ်းအင် ၅၀ ရာခိုင်နှုန်း ဆိုသည် မှာပင် အတော်ကြောက်စရာ ကောင်းနေပြီဟု ဆိုရ မည်။
အရိပ်မဲ့ မတ်တပ် ထရပ်လိုက်ပြီး ပုရှန်ဖေ့ကို လှမ်းကြည့်လိုက်သည်။
ပုရှန်ဖေ့မှာ သတိလစ် မေ့မြောနေတုန်းပင် ရှိပါ သေးသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး သူ၏ နှုတ်ခမ်း ကွေး အောင်ပင် ပြုံးလိုက်သည်။
မြင်သူတိုင်းကို ကျောရိုးထဲထိ စိမ့်သွားစေနိုင်သည့် အပြုံးမျိုးပါပင်။
ထိုအပြုံး၏ အဓိပ္ပါယ်ကို သိနေသော ရဲရှောင်မှာမူ သက်ပြင်းသာ ချလိုက်သည်။
(မင်းကတော့ နှိပ်စက်ဦးမယ် ထင်တယ်)
(ပုရှန်ဖေ့ကတော့ ဘဝပျက်ဦးမှာပေါ့)
သို့သော် အဖြစ်အပျက်များက ရဲရှောင် ထင်သလို ဖြစ်မလာခဲ့ချေ။
အရိပ်မဲ့က နှိပ်စက်ဖို့ မစဉ်းစားတော့ဘဲ ချက်ချင်း ပင် သူ၏ ဓားကို ထုတ်ကာ ပုရှန်ဖေ့၏ နှလုံး တည့် တည့်သို့ ထိုးစိုက်ချလိုက်၍ ဖြစ်သည်။
ပုရှန်ဖေ့မှာမူ တစ်ချက်တည်းဖြင့် အသက်ပျောက် သွားခဲ့ရချေပြီ။
"ဟင် . . ."
ရဲရှောင် အံ့ဩသွားသည်။
ထို့နောက် အရိပ်မဲ့အား လှမ်းကြည့်လိုက်ပြီး -
"ဘာလို့လဲ . . ."
အရိပ်မဲ့က ပြုံးလျက် -
"ငါက ဒီလူကို မုန်းတာ မှန်တယ် ဒါပေမယ့် သူ့ကို နှိပ်စက်ဖို့ ငါ့အားတွေ သုံးရတာ မတန်ဘူး . . ."
"အဲဒါကြောင့် တစ်ချက်တည်းနဲ့ပဲ သတ်လိုက်တာ ပေါ့ . . .”
ရဲရှောင် ပြုံးလိုက်ပြီး -
"ဟုတ်ပါပြီ . . ."
"ဒါပေမယ့် ဒါက မင်းရဲ့ ပုံစံမျိုး မဟုတ်ဘူးလား လို့ပဲ . . ."
YOU ARE READING