1073----1074

165 18 1
                                    

အခန်း (၁၀၇၃)(စာစဉ် ၇၇- အပိုင်း ၉)

“ရဲနန်ရှန်ဆိုတဲ့ ကျုပ်ပဲ”

“ခွမ်း . . .”

ပြောနေရင်းဖြင့် ဒေါသထွက်လာ၍ ရဲနန်ရှန် အံကို တင်းတင်းကြိတ်ကာ လက်ဖက်ရည် ပန်းကန်လုံးကို ခြေမွပစ်လိုက်သည်။

“ကျွန်တော့်ညီ သေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး ဆိုတာကိုတောင် အဖေက သိရက်နဲ့ ရင်မဆိုင်ရဲဘူး”

“အဖေ့ရဲ့ နှလုံးသားထဲမှာ ကျွန်တော်တို့ အားလုံး က ရဲမျိုးနွယ်စုဝင်တွေလို့ ထင်နေကြတုန်းပဲ . . .”

“ကျွန်တော်ကတော့ အဖေ့လို မဟုတ်ဘူး အမှန် တိုင်း ဝန်ခံရရင် မကြာသေးခင်ကမှ အဲဒီကိစ္စကို တိတ် တဆိတ် စုံစမ်းခဲ့သေးတယ် . . .”

“တကယ်တော့ ရဲရှုစင်နဲ့ သူ့လူတွေ လုပ်ခဲ့တာပဲ၊ အဲဒီအတွက်လည်း ကျွန်တော့်မှာ သက်သေရှိတယ်”

“လူအိုကြီးတွေက အမှန်တရားကို ဖုံးကွယ်နိုင်ဖို့ သက်သေတွေကို ဖျောက်ပစ်ခဲ့ကြတယ်၊ နောက်ပြီး သူ တို့က ရေငုံနှုတ်ပိတ်လည်း နေခဲ့ကြသေးတယ် . . .”

“အဲဒါက အဖေချစ်တဲ့ မိသားစုဝင်တွေ လုပ်သင့်တဲ့ အရာလား ပြောစမ်းပါ . . .”

“အဘိုးကလည်း သူတို့ဘက်ကနေပဲ သိသိသာသာ ရပ်တည်ပေးခဲ့တယ်၊ ကျွန်တော့်ကို ဘာမှလုပ်ခွင့်ကို မပေးခဲ့ဘူး . . .”

“ကျွန်တော့်ရဲ့ လုပ်ရပ်ကြောင့် အဖေ့ကို မျိုးနွယ်စု ခေါင်းဆောင် နေရာကနေလည်း ဖယ်ခဲ့ကြသေးတယ်”

“အဲဒီအကြောင်းအရင်းတွေကို ဘယ်သူက မသိဘဲ နေမှာလဲ၊ အဖေကသာ အားလုံးကို ရိုးသားတယ်လို့ ထင်နေတာ . . .”

“ဘာလို့ အဖေက ဒီလောက်ထိ စိတ်ရှည်နေနိုင်ရ တာလဲ၊ မျိုးနွယ်စု နာမည်က အရာအားလုံးထက် အရေးကြီးတယ်ဆိုပြီး တကယ်ပဲ အဖေက သည်းခံနေ ခဲ့တာလား . . .”

“ကျွန်တော်တို့ကိုရော သူတို့က မိသားစုတွေဆိုပြီး ဘယ်တုန်းက ဆက်ဆံပေးခဲ့ဖူးလို့လဲ . . .”

“လူသတ်သမား ဘယ်သူလဲဆိုတာ ကျွန်တော် သိ တယ်၊ ဒါပေမယ့် သူ့ကို မထိနိုင်ဘူး ကလဲ့စားလည်း မချေနိုင်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now