Chapter (952)"အကန့်သတ်မဲ့ ရဲရင့်မှု"

182 22 0
                                    

Chapter (952)(စာစဉ် ၆၈- အပိုင်း ၁၄)

“အကန့်သတ်မဲ့ ရဲရင့်မှု”

ရှောင်ဧကရာဇ် ဘဝတွင် လိဝူလျန်တို့နှင့် သွားလာ လှုပ်ရှားရသည်ကို အလွန်ခုံမင်နှစ်သက်ခဲ့သည်။

သို့သော် ထိုသို့ သွားလာသည့်အခါတိုင်း အုပ်စုထဲ တွင် ဟန်ပိုင်ယွဲ့ကို မခေါ်ခဲ့ချေ။

အကြောင်းမှာ ဟန်ပိုင်ယွဲ့က ချောမောခန့်ညား လွန်းနေ၍ ဖြစ်သည်။

အတူယှဉ်တွဲ သွားလာသည့်အခါတိုင်း အုပ်စုထဲ၌ ဟန်ပိုင်ယွဲ့မှာ အထင်ရှားဆုံး ဖြစ်နေတတ်၍ ရဲရှောင် အဖို့ သိက္ခာကျသလိုပင် အမြဲတစေ ခံစားခဲ့ရသည်။

လက်ရှိဘဝတွင် ဟန်ပိုင်ယွဲ့ထက် ပိုချောမောခန့် ညားသွားပြီ ဖြစ်သော်လည်း ယခင်စိတ်က မပျောက် ကွယ်သေး၍ တွဲမသွားချင်သေးပေ။

ထို့ပြင် စကားအလွန်များသော ဟန်ပိုင်ယွဲ့၏ ဒဏ် ကို ခံရန်မှာ ရဲရှောင်အဖို့ ခက်ခဲနေသေးသည်။

ထိုအကြောင်းများကို တွေးမိလေလေ ရဲရှောင်  ခေါင်းများ ကိုက်လာပြီး စိတ်ရှုပ်ထွေးလာမိသည်။

ထိုအချိန် သူ့အား ပြုံးဖြီးဖြီးဖြင့် ကြည့်နေသော ဟန်ပိုင်ယွဲ့၏ မျက်နှာကြောင့် စိတ်ရှိလက်ရှိပင် ပိတ် ကန်ပစ်ချင်စိတ် ပေါက်သွားသည်။

“ဟူး . . .”

နောက်ဆုံးတွင် ရဲရှောင်လည်း စိတ်လျှော့လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကာ လေချွန်သံ တစ်ချက် ပေးလိုက်သည်။

“ရွှီ . . .”

လေချွန်သံ မဆုံးခင်မှာပင် ရုတ်တရက် မြင်းခွာသံ များ ထွက်ပေါ်လာသည်။

“ခွပ် ခွပ် ခွပ် . . .”

“ဟ ကိုယ့်ဆရာ . . .”

“မင်းရဲ့ မြင်းက ကောင်းလှချည်လား . . .”

ဟန်ပိုင်ယွဲ့မှ မဲလုံးကို ကြည့်ရင်း ပြောလိုက်သည်။

မဲလုံးမှာ သခင်ရှိရာသို့ တဟုန်ထိုးပင် ပြေးလာနေ ခြင်း ဖြစ်သည်။

“ငါသိုင်းလောကမှာ ကျင်လည်လာတာ ကြာပြီ၊ ဒီမြင်းကို ယှဉ်နိုင်မယ့် မြင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now