Chapter (920)"ဆိုးတူကောင်းဖက် သူငယ်ချင်း"

209 23 0
                                    

Chapter (920)(စာစဉ် ၆၆- အပိုငိး၁၀)

“ဆိုးတူကောင်းဖက် သူငယ်ချင်း”

လိဝူလျန်က ငိုသံပါကြီးဖြင့် -

“ငါဘာလုပ်ရမလဲတောင် မသိတော့ဘူး . . .”

“မင်းပဲ စဉ်းစားကြည့်ဦးလေ . . .”

“မှိုပွင့်ထဲက စွမ်းအင်တွေက တကယ်ကို များလွန်း နေတယ်၊ အဲဒါတွေက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်၊ ဒီမှိုပွင့် အစွမ်းက ဘယ်လောက်ရှိလဲ ဆိုတာတောင် ငါမသိနိုင်တော့ဘူး . . .”

“ငါ့အတွက် ဒီမှိုပွင့်က ဆုလာဘ်တစ်ခု လိုလည်း ဖြစ်ခဲ့တယ် . . .”

“ငါကျင့်ကြံမှု လုပ်ပြီး စွမ်းအင်တွေ ပြန်ရအောင် ကြိုးစားတဲ့ အခါတိုင်း နွေးထွေးတဲ့ စွမ်းအင်လှိုင်း တစ်ခုက ငါ့ကို ထောက်ပံ့ပေးခဲ့တယ် . . .”

“နောက်ပြီး ဒဏ်ရာတွေကိုလည်း မြန်မြန်ဆန်ဆန် သက်သာစေခဲ့တယ် . . .”

“ဒါပေမယ့် ငါပျော်လို့ မဆုံးခင်မှာပဲ နောက်ထပ် စွမ်းအင်တစ်မျိုးက သက်သာနေတဲ့ ဒဏ်ရာတွေကို ထပ်ပြီး နာကျင်စေပြန်တယ် . . .”

“အတိုချုံးပြောရရင်တော့ ဒီစွမ်းအင်၂မျိုးက ငါ့ကို နတ်ပြည်ရောက်အောင် ပို့လိုက် ငရဲပို့လိုက်နဲ့ ခံစားစေ ခဲ့တာ ကြာပြီ . . .”

“ငါပြောတာ မင်းနားလည်တယ် မဟုတ်လား . . .”

ရဲရှောင် မျက်လုံးအပြူးသားဖြင့် အံ့ဩနေသည်။

(ဒါတကယ်ပဲလား . . .)

သို့သော် ခဏတာမျှ သူ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ စဉ်းစားကြည့်မိလိုက်သည်။

ယခုနေရာတွင် အစွမ်းထက်သော ပညာရှင်များ၏ ဝိညာဉ်စွမ်းအားများစွာ ရှိခဲ့ကြသည်။

စစ်စစ် မိစ္ဆာများဘက်မှ မကောင်းဆိုးဝါးများက ပို၍ပင် များပြားနိုင်ပါသေးသည်။

“ငါ့ကို ကောင်းအောင် လုပ်လိုက် နာအောင် လုပ် လိုက်က တော်ပါသေးတယ် . . .”

“ဒါပေမယ့် ဒီမှိုပွင့်က ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ စွမ်းအင်တွေက နောက်ဆုံးမှာ ပျက်ပြယ် သွားသင့်တယ် မဟုတ်ဘူးလား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora