Chapter (935)"မိုးကြိုးမုန်တိုင်း ရွှေလင်းယုန်"

187 21 0
                                    

Chapter (935)(စာစဉ် ၆၇- အပိုင်း၁၁)

“မိုးကြိုးမုန်တိုင်း ရွှေလင်းယုန်”

“ရွှစ် . . .”

ရဲရှောင်က လင်းယုန်ကြီးကို စီးပြီး တိမ်တိုက်များ ကြား ပျံသန်းနေသည်။

လင်းယုန်ကြီးကလည်း တောင်ပျံကြီး နှစ်ဖက်ကို အစွမ်းကုန် ဖြန့်ကားပြီး တဟုန်ထိုးပင် ပျံသန်းနေ သည်။

၎င်းအဖို့ ဒဏ်ရာ ရပြီးကတည်းက ယခုလို ပျံသန်း နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သို့သော် ယခုအခါ ပျောက်ကင်းသွား၍ အားမာန် အပြည့်ဖြင့်ပင် ပျံသန်းနေခြင်း ဖြစ်သည်။

လင်းယုန်ကြီးက ပျော်ရွှင်နေသလောက် ရဲရှောင် ကမူ မခံစားနိုင်တော့ချေ။

ထို့ကြောင့် လင်းယုန်ကြီး၏ အမွှေးများကြား သူ့ ခေါင်းကို ထိုးစိုက်ချထားတော့သည်။

သို့တိုင်အောင်ပင် လေတိုက်နှုန်းက ပြင်း၍ ကျော ကုန်းကို ဓားဖြင့် ခုတ်ပိုင်းနေသလို ခံစားနေရသည်။

နောက်ဆုံးတွင် လင်းယုန်ကြီးက အားရအောင် ပျံသန်းပြီးနောက် ရပ်တန့်သွားသည်။

ရဲရှောင်လည်း ချက်ချင်းပင် လင်းယုန်ကြီး၏ ကျောပေါ်မှ ဆင်းလိုက်သည်။

မြေပြင်နှင့် ခြေထောက်ထိချိန်တွင် ခွေယိုင်လဲချင် နေပြီး ခေါင်းများကလည်း မူးဝေနေသည်။

“မင်းဘာလို့ ဒီလောက်ထိ မြန်မြန် ပျံနေရတာလဲ”

“ကဲ ပျံချင်ဦးဟာ ဒေါက် ဒေါက် . . .”

ဒေါသထွက်နေသော ရဲရှောင်က လင်းယုန်ကြီး၏ ခေါင်းကို ဒေါက်ခနဲ မြည်အောင်ပင် ၂ချက်ခေါက်လိုက် ပြီး မေးလိုက်သည်။

“ငါသာ ကျင့်ကြံမှု အပိုင်းနဲ့ ကြံ့ခိုင်မှု အပိုင်းမှာ အားနည်းရင် မင်းရဲ့ ကျောကုန်းပေါ်မှာပဲ သေသွား လောက်တယ် . . .”

“အဲဒါကို မင်းနားလည်လား . . .”

“မင်းက ကျေးဇူးရှင်ကို သတ်ဖို့ ကြိုးစားနေတာ လား . . .”

ရဲရှောင်က လင်းယုန်ကြီးကို ဒေါသတကြီး အော် ဟစ်နေသည်။

သူ့ကိုယ်သူလည်း ကျေးဇူးရှင်ဟု ခံယူနေ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant