အခန်း (၉၈၀)"ဆရာသမား"

175 12 1
                                    

အခန်း (၉၈၀)(စာစဉ် ၇၀- အပိုင်း ၁၄)

“ဆရာသမား”

ရဲရှောင်မှ ရွှမ်ပိုင်ကို တားလိုက်ရခြင်းမှာ အစွမ်း ထက်ဆုံး အမျိုးသမီးအား ကြမ္မာဆိုး မဝင်စေလို၍သာ ဖြစ်၏။

အကယ်၍ သတ်ဖြတ်လိုက်ပါက သူမ၏ စိတ် အခြေအနေမှာ ပြောင်းလဲသွားနိုင်ပြီး ကျင့်ကြံမှုပိုင်းကို လည်း ထိခိုက်သွားစေနိုင်သည်။

ထို့ပြင် သူ့လက်နှင့် လက်စားမချေလိုက်နိုင်ပါက ရဲရှောင်အဖို့ မည်သို့မှ ဖြည်ဆည်နိုင်မည် မဟုတ်ချေ။

လိဝူလျန် အတွက်လည်း ထည့်သွင်းစဉ်းစားရဦး မည် မဟုတ်ပါလား။

သူတို့နှစ်ဦး အင်အားအကြီးဆုံး အချိန်သို့ ရောက် လျှင် လက်စားချေနိုင်ရေးကသာ ၎င်းတို့၏ ပန်းတိုင် ဖြစ်၏။

ထို့ကြောင့် ရန်သူများကို သတ်ဖြတ်ရန် သူမည်သို့ မှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ရဲရှောင်မှ အော်ဟစ် တားဆီးလိုက်ချိန် ရွှမ်ပိုင်မှ မကျေမချမ်းဖြင့် နောက်ပြန်ဆုတ်လိုက်သည်။

ထိုအခါ ကောင်းကင်ထက်ရှိ တိမ်တိုက်များမှာ လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ရွှမ်ပိုင်မှာ ရဲရှောင် ဘေးသို့ ရောက်လာပြီး ညင်သာ သည့် အသံဖြင့် -

“ဘာလို့လဲ . . .”

“ဘာလို့ တားရတာလဲ . . .”

“ခင်ဗျား ဒီလိုလုပ်ရင် ကျင့်စဉ်လမ်းကြောင်းတွေ သွေဖယ်သွားလိမ့်မယ် . . .”

“ဒီလို လူတွေအတွက်နဲ့ အဲဒီလောက်ထိ ပေးဆပ် တော့မလို့လား မတန်ပါဘူး . . .”

ရဲရှောင်မှ ရွှမ်ပိုင်အား နွေးထွေးမှု အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

သူမ၏ မျက်နှာနှင့် မျက်လုံးများကို မမြင်ရသည့် တိုင် သူ့အား စိုက်ကြည့်နေမည်ကိုမူ ရဲရှောင် အတပ် သိနေသည်။

“သူတို့ကို သွားခွင့်ပေးလိုက်ပါ . . .”

“ကျုပ် ပြောတာ နားထောင်ပါ . . .”

“အခွင့်အရေးတွေက နောက်ထပ် ရှိလာဦးမှာပါ”

“ဒူးမထောက်တဲ့ လူတွေကို သတ်လို့ရပေမယ့် ဒူး ထောက်နေတဲ့ လူတွေကိုတော့ ချမ်းသာပေးရမယ်”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now