1111-----1112

169 14 1
                                    

အခန်း (၁၁၁၁)(စာစဉ် ၈၀- အပိုင်း ၅)

“ရွှေရောင်လင်းယုန်ကြီး”

ကျွင့်ယင်းလျန် အံ့ဩသွားကာ -

“ဒါကကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ အစ်မ နဲ့ ဘာမှမဆိုင်ဘူးလေ . . .”

“မင်း ဘယ်လို ပြောလိုက်တာလဲ . . .”

ရွှမ်ပိုင်မှ ဒေါသထွက်ဟန်ဖြင့် ပြောလိုက်သည်။

“ငါတို့က ညီအစ်မတွေပါလို့ ပါးစပ်ကပြောရုံနဲ့ ရ သွားရောလား၊ မင်း ငါ့ကို အစ်မလို့ ခေါ်တဲ့အတွက် အလကား မဖြစ်စေရပါဘူး . . .”

ကျွင့်ယင်းလျန်လည်း နှစ်လိုဖွယ်ပြုံးလိုက်ပြီး -

“ရှင် ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်မ သိပါ တယ်၊ ကဲ နှုတ်ဆက်ပါတယ် အစ်မရေ ထပ်ပြီးတော့ တွေ့ကြသေးတာပေါ့ . . .”

“ဟုတ်ပြီ ညီမလေး ဂရုစိုက်ပါ . . .”

“ငါတို့တွေ အခုဆိုရင် ညီအစ်မတွေ ဖြစ်သွားကြ ပြီနော်၊ အဲဒီတော့လေ တကယ်လို့ ငါမင်းအပေါ်မှာ အမှားအယွင်း တစ်ခုခု လုပ်မိတာမျိုး ရှိလာမယ်ဆိုရင် ငါ့ကို ခွင့်လွှတ်ပေးပါ . . .”

ရွှမ်ပိုင်က တွေဝေတုန့်ဆိုင်းနေသည့် ဟန်မျိုးဖြင့် ပြောလိုက်သည်။

“အစ်မ ရှင်ဘယ်လိုများ ပြောလိုက်တာလဲ . . .”

“ဒီလို စကားလုံးတွေ ပြောနေတာက တစ်ယောက် နဲ့ တစ်ယောက် ဆက်ဆံရေးကို ပိုပြီးစိမ်းသက်သွားစေ တယ်နော် . . .”

ကျွင့်ယင်းလျန်က နွေးထွေးမှုအပြည့်ဖြင့် ပြောဆို လိုက်သည်။

ထိုသို့ဖြင့် နှစ်ဦးသားမှာ နှုတ်ဆက်လိုက်ကြပြီး ထွက်ခွာသွားကြတော့သည်။

ကျွင့်ယင်းလျန်အဖို့ ထိပ်သီးပညာရှင်ကြီး ရွှမ်ပိုင် နှင့် ယခုကဲ့သို့ နီးစပ်လာရမည်ဟု မထင်မှတ်ထားမိခဲ့ ချေ။

ပထမဆုံး စတွေ့စဉ်က သတိအနေအထားဖြင့် ရှိ နေခဲ့သော်လည်း စကားများ ပြောဆိုပြီးနောက်တွင်မူ အတွေးများက ထပ်တူညီသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် နောက်ဆုံးတွင် သွေးသောက်ညီအစ်မ များအဖြစ် နှစ်ဦးသဘောတူ လုပ်ခဲ့ကြပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now