1075---1076

183 16 1
                                    

အခန်း (၁၀၇၅)(စာစဉ် ၇၇- အပိုင်း ၁၁)

“ရဲရှောင် အိမ်ပြန်ရောက်လာပြီ”

“ဘာ . . .”

ရဲရှုချင်နှင့် ရဲနန်ရှန်တို့ နှစ်ဦးလုံး ချက်ချင်းဆိုသလို  ပင် အံ့ဩတကြီးဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

၎င်းတို့၏ အပြုအမူကြောင့် အစောင့်ပင်လျှင် လန့် ဖျတ်သွားမိသည်။

“ကောင်လေးက ဘယ်လိုပုံစံမျိုးလဲ . . .”

ရဲနန်ရှန်က ပျာသလဲလဲဖြင့် မေးလိုက်သည်။

“တော်တော်တော့ ငယ်သေးတယ် . . .”

“၁၇ နှစ် ၁၈ နှစ်လောက်ပဲ ရှိဦးမယ် . . .”

“နောက်ပြီး‌ တော်တော်လေးကို ချောတယ် . . .”

“အစ်ကိုရဲနဲ့ ၇၀ ရာခိုင်နှုန်းလောက်တော့ တူတယ် ဒါပေမယ့် သူက အစ်ကိုရဲထက် ပိုချောပြီး ပိုခန့်ညား တယ် . . .”

အစောင့်ဖြစ်သူ၏ စကားမဆုံးသေးခင်မှာပင်  လေ ကဲ့သို့ လျင်မြန်သည့် အဟုန်ဖြင့် ရဲနန်ရှန်မှာ အခန်း ထဲမှ ပြေးထွက်သွားတော့သည်။

“ငတုံးကောင်လေး . . .”

“ဒီလို အန္တရာယ်များတဲ့ အချိန်မှာမှ ဘာလို့ ရောက် လာရတာလဲ . . .”

“ဒါက အချိန်ကိုက် မဟုတ်သေးဘူး . . .”

ရဲနန်ရှန်မှာ သားဖြစ်သူကို စိုးရိမ်ပူပန်သွားမိသည်။

“တကယ်ကို မိုက်မဲတာပဲ . . .”

“အခုနေ မလာသင့်သေးဘူး၊ ရဲမျိုးနွယ်ရဲ့ ခေါင်း ဆောင်ပိုင်းတွေ အထိနာတဲ့ အချိန်မှ ရောက်လာသင့် တာ၊ အဲဒါမှ မင်းအခွင့်ရေးကို ဖမ်းဆုပ်လို့ ရမှာပေါ့”

“အခုကျ မင်းက သိပ်ငယ်လွန်းသေးတယ် ဘာမှ လည်း နားမလည်သေးဘူး၊ ဘာလို့ တုံးအနေရတာလဲ ငါ့သားရာ . . .”

နောက်မှ ကပျာကယာ ပြေးလိုက်သွားသည့် အဘိုးကြီးရဲလည်း သားဖြစ်သူ၏ ရေရွတ်သံကို ကြား သောအခါ ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။

(မျိုးမစစ်ကောင်လေး . . .)

(ဘာလို့ ဒီလိုကျေးဇူးမသိတတ်တဲ့ သားမျိုး ငါ့မှာ ရှိနေရတာလဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now