Chapter (934)(စာစဉ် ၆၇- အပိုင်း၁၀)
“လင်းယုန်ကြီး၏ အမြန်နှုန်း”
ကောလဟလ တစ်ခု ရှိခဲ့ဖူးသည်။
အကယ်၍ ထိုမီးအပ်နှင့် ထိမှန်ခံရပါက အရင်ဆုံး သွေးများ ဆူပွက်လာမည်။
တဖြည်းဖြည်းဖြင့် နောက်ဆုံးတွင် အသွေးအသား များပါ လောင်ကျွမ်းသွားလိမ့်မည်။
ထို့ကြောင့် ထိမှန် ခံရသော လူအဖို့ ကုရာနတ္ထိ ဆေးမရှိ ကူရာကယ်ရာမဲ့ပင် ဖြစ်သွားနိုင်သည်။
မည်မျှထိ ဆိုးဝါးသော လက်နက်ပုန်းပါနည်း။
ယခုအခါ ရဲရှောင်က မမျှော်လင့်ဘဲ လင်းယုန်ကြီး ၏ ခန္ဓာကိုယ်တွင် တွေ့လိုက်ရသည်။
ပို၍ မမျှော်လင့်စရာ ကောင်းသော အခြေအနေ တစ်ခုက ရှိသေးသည်။
လင်းယုန်ကြီးက ဝုဖ၏ အပ်ဖြင့် ထိမှန်ခံထားရ သည့်တိုင် အသက်ရှင်နေသေးသည် မဟုတ်ပါလား။
ဒဏ်ရာ အတိမ်အနက်အရ အပ်ရှိနေသည်က နှစ်ဝက်လောက်ပင် ရှိနေနိုင်သည်။
“အံ့ဩစရာပဲ . . .”
ရဲရှောင် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
ထိုသို့ အံ့ဩမိခြင်းက ဝုဖကို မဟုတ်။
လင်းယုန် ကြီးကိုသာ အံ့ဩနေမိခြင်း ဖြစ်သည်။
လင်းယုန်ကြီးက ရေခဲထု၏ အေးစက်မှုဖြင့် မီးအပ် ၏ အပူချိန်ကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းခဲ့သည်။
ထို့ကြောင့် ယခုလောက်အထိ နေနိုင်ခဲ့ခြင်းပင်။
အကယ်၍ ရေပူစမ်းကြောင့်သာ မဟုတ်ပါက ထိုထက်ပင် ပိုနေနိုင်ဦးမည်။
ယခင်က ရှောင်ဧကရာဇ်၏ အစွမ်းနှင့် လင်းယုန် ကြီး၏ အစွမ်းကို နှိုင်းယှဉ်ကြည့်ခဲ့ဖူးသည်။
သို့သော် ယခုအခါ ရဲရှောင် ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့သည်။
လင်းယုန်ကြီးက ဝုဖ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် တိုင် အသက်ရှင်နေသေးရွေ့ မည်သည့် မူလတာအို အဆင့် ပညာရှင်ကိုမဆို အနိုင်ယူနိုင်လိမ့်မည်။
YOU ARE READING