Chapter (919)"ထူးဆန်းသော မှိုပွင့်"

196 19 0
                                    

Chapter (919)(စာစဉ် ၆၆- အပိုင်း၉)

“ထူးဆန်းသော မှိုပွင့်”

ရဲရှောင်လည်း လှိုဏ်ဂူထဲ ဝင်လာပြီးနောက် ဘာမှ မရှိသည်ကို တွေ့လိုက်ရသည်။

နေဒဏ်မိုးဒဏ် ခံနိုင်ရုံ အနေအထားလောက်သာ ရှိနေခြင်း ဖြစ်သည်။

ထူးခြားချက်ဆို၍ အမျိုးမျိုးသော ငှက်များ၏ အမွှေးများ စုပုံထားသည်ကိုသာ တွေ့လိုက်ရသည်။

လှိုဏ်ဂူအကျယ်ကလည်း ၆ပေခန့်သာရှိ၍ အလွန် ကျဉ်းမြောင်းသည်ဟု ဆိုရမည်။

“မင်းက ဒီမှာ ၂နှစ်လုံးလုံး နေခဲ့တာပေါ့ . . .”

ရဲရှောင်က စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက် သည်။

ထို့နောက် ရယ်မောလိုက်ပြန်ရင်း -

“တော်တော် သနားဖို့ကောင်းတဲ့ ဘဝပဲ . . .”

“အနည်းဆုံးတော့ အမိုးအကာ တစ်ခု ရှိနေတာပဲ အဆင်ပြေနေပြီ မဟုတ်လား . . .”

လိဝူလျန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

“ငါလုံးဝကို ပြိုလဲခဲ့ရတယ် . . .”

“ကံကောင်းလို့သာ အသက်ရှင်နေခဲ့ရတာ . . .”

ထိုသို့ဖြင့် လိဝူလျန်က သူချောက်ကမ်းပါးအောက် သို့ ပြုတ်ကျပြီး နောက်ပိုင်းကိစ္စများကို ရဲရှောင်အား ပြောပြလိုက်တော့သည်။

သူချောက်ကမ်းပါး အောက်သို့ ပြုတ်ကျချိန်တွင် သတိလစ် မေ့မြောနေသည်။

ထိုအချိန် သူ့ကိုယ်သူ သေလူဟုသာ သတ်မှတ် ထားလိုက်တော့သည်။

လိဝူလျန်အဖို့ လက်လျှော့မချင်သည့်တိုင် ယခင် လို အားအင်ပြည့်နေသည့် အချိန်မျိုးပင် အောက်သို့ ပြုတ်ကျပါက သေသွားနိုင်သည်ကို သိနေသည်။

ယခုအခါတွင်မူ သေလုမျောပါး ဖြစ်နေရပြီ မဟုတ် ပါလား။

ထို့ပြင် ထူးဆန်းမှု တစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။

သူအောက်သို့ ပြုတ်ကျချိန် အနီရောင် အဖြူရောင် တိမ်တိုက်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

သို့သော် အောက်သို့ ဆက်၍ မပြုတ်ကျတော့ဘဲ တိမ်တိုက်များပေါ်တွင် တင်နေခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz