Chapter (932)(စာစဉ် ၆၇- အပိုင်း၈)
“ဉာဏ်တုံးသော လင်းယုန်ကြီး”
ရဲရှောင်က လင်းယုန်ကို ထပ်မံ မေးပြန်သည်။
လင်းယုန်ကြီးက ခဏတာ စဉ်းစားပြီးနောက် ရဲရှောင်ကို ရှင်းပြနိုင်ရန် ကြိုးစားနေသည်။
(ငါ့ခေါင်းကို မထိစေချင်လို့တော့ မဟုတ်ပါဘူး)
(ငါကဘုရင်တစ်ပါးလေ . . .)
(အဲဒီတော့ ငါ့မှာလည်း ငါ့သိက္ခာနဲ့ငါ ရှိတယ် . . .)
(ဒါပေမယ့် သူကလည်း ထိချင်နေတယ် ငါ ဘယ်လို လုပ်ရမလဲ . . .)
ရဲရှောင်က လင်းယုန်ကြီး၏ အတွေးကို မသိချေ။
အကယ်၍ သိမည်ဆိုလျှင်ပင် မသိချင်ယောင် ဆောင်နေဦးမည်။
သူ့အမြင်တွင်မူ လင်းယုန်ကြီးက ခေါင်းတွင်တွင် ခါယမ်းနေသည်ကိုသာ မြင်နေရသည်။
ထို့ကြောင့် ရဲရှောင်လည်း မကျေမချမ်းဖြင့် အခြား တစ်ဖက်သို့ လှည့်လိုက်ပြန်သည်။
(မင်းမှာ ဘယ်လို အကြောင်းပြချက်ပဲရှိရှိ ငါတော့ ဂရုမစိုက်ဘူး . . .)
(မင်းခေါင်းကို အကိုင်မခံသရွေ့ ငါကသွားနေဦး မှာပဲ . . .)
လင်းယုန်ကြီးက ရဲရှောင်ကို ထပ်မံ တားဆီးပြန် သည်။
၎င်းအဖို့ မျက်လုံးများပင် ရဲတွတ်လာပြီး ငိုချင်လာ ဟန် ရှိသည်။
ရဲရှောင်မှ -
“ငါ့ကို ခွင့်ပြုမှာမလား မခွင့်ပြုဘူးလား . . .”
“မင်းသေချာ စဉ်းစားပြီးပြီလား . . .”
. . .ထိုသို့ဖြင့် အကြိမ် နှစ်ဆယ်သုံးဆယ်ခန့် အားပြိုင် နေကြသည်။
လင်းယုန်ကြီးအဖို့ အနီရောင် ဆေးလုံးလေးများ ကို လက်လွတ်မခံနိုင်။
သူ့အတွက် အလွန် အရသာ ရှိနေသည် မဟုတ်ပါ လား။
သို့သော် ခေါင်းမာလှသော ရဲရှောင်ကြောင့် နောက်ဆုံးတွင် ခေါင်းကိုသာ ငုံ့လိုက်တော့သည်။
“ငါကိုင်လို့ ရပြီလား . . .”
“ဂီး ဂီး ဂီး . . .”
KAMU SEDANG MEMBACA